News - FastestISP
FastestISP Award Banner Photo
GTGLogo Photo
OoklaSpeedtestTrophyAngledFastest 2020 Photo
Ent-Page-5BB Photo
OoklaSpeedtestTrophyAngledFastest 2020 Photo
Ent-Page-5BB Photo

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်အတွင်း အမြန်ဆုံး ISP ကွန်ရက်ဖြင့် ဈေးကွက်ကိုဦးဆောင်ကာ သရဖူဆွတ်ဖူးခဲ့သော 5BB Broadband


၂၀၂၀ Q1 နှင့် Q2 အတွင်းအမြင့်ဆုံး download speed ၅၇.၉၇ Mbps ဖြင့်မြန်မာနိုင်ငံ၏ ထိပ်တန်းဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုပေးသော 5BB Broadband သည် မြန်နှုန်းစမ်းသပ်မှုတွင်ကမ္ဘာလုံးဆိုင်ရာဦးဆောင်အဖွဲ့အစည်းဖြစ်သော Ookla မှ ဆုချီးမြှင့်ခြင်းခံရ

ရန်ကုန်၊မြန်မာ၊သြဂုတ်လ ၁၇ ရက်၊ ၂၀၂၀ခုနှစ် - ဆက်သွယ်ရေး ထိပ်တန်းဝန်ဆောင်မှုပေးအပ်နေသည့် Global Technology Group သည် ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အမြန်ဆန် အတိကျဆုံး Broadband ကွန်ရက်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အင်တာနက် စမ်းသပ် အကဲဖြတ်ရေးဦးဆောင်အဖွဲ့အစည်းဖြစ်သော Ookla ၏ အသိအမှတ် ပြုခြင်းခံရသည်။ 5BB Broadband သည်အမြန်နှုန်းရမှတ် ၂၁.၅၈ ရရှိပြီးထိပ်တန်း ဒေါင်းလုပ်အမြန်နှုန်း ၅၇.၉၇ Mbps နှင့် အမြန်ဆုံး upload အမြန်နှုန်း ၄၃.၆၁ Mbps အထိ မြန်ဆန်မှုနှုန်းအား ကောင်းခဲ့သည်။

Fixed ကွန်ရက်များအတွက်ပေးအပ်သော ဤဆုသည် ၁,၅၃၉,၄၀၆ ယောက်သော သုံးစွဲသူများ၏ မြန်မာပြည်တစ်ဝန်း Fixed ကွန်ရက်များအတွက် အမြန်နှုန်းစမ်းသပ်မှု အပ်ပလီကေးရှင်း အပေါ် အခြေခံ၍ Ookla က တိကျမှန်ကန်စွာ လေ့လာဆန်းစစ်ပြီး နှိုင်းယှဉ်ခဲ့ခြင်းဖြစ်သည်။ 5BB Broadband သည် ပြိုင်ဘက်များကိုဖြတ်ကျော်ကာ ဇန်နဝါရီလ ၂၀၂၀ ခုနှစ်မှ ဇွန်လ ၂၀၂၀ အထိ မြန်မာနိုင်ငံ၏အမြန်ဆန်ဆုံး Fixed ကွန်ရက် အဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရသည်။

ပြီးခဲ့သောနှစ်များတွင် မြန်မာနိုင်ငံ၏ Fastest Mobile Network နှင့်ပတ်သက်သော ဆုချီးမြှင့်မှုမျိုးသာ ရှိခဲ့သော်လည်း ယခုနှစ်အခါတွင် Fastest Fixed Network အတွက် ဆုကို မြန်မာပြည်အတွက် ပထမဦးဆုံးပေးရာတွင် 5BB Broadband မှ Operators များ၊ အခြားသော Internet Service Provider များကို အောင်မြင်စွာကျော်ဖြတ်ပြီး ပထမဆုံး ရရှိခဲ့ပါသည်။

“Global Technology Company က ဝန်ဆောင်မှုပေးနေတဲ့ 5BB Broadband ဟာ မြန်မာနိုင်ငံ မှာအမြန်ဆုံး ISP Network ဆုကို ဆွတ်ခူးရရှိခဲ့တဲ့အကြောင်းကို ဝမ်းမြောက် ကျေနပ်စွာပြောပါရစေ။ ဒီအသိအမှတ် ပြုခံရခြင်းက သုံးစွဲသူတွေရဲ့ အမြန်နှုန်း စမ်းသပ်မှု အပ်ပလီကေးရှင်း Speedtest ပေါ်အခြေခံပြီး Ookla ရဲ့ တိကျမှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာမှုတွေကထွက်ပေါ်လာတဲ့ ၂၀၂၀ ခုနှစ်ရဲ့ Q1 နဲ့ Q2 အတွင်း အကောင်းဆုံး ဝန်ဆောင်မှုနဲ့ စွမ်းဆောင်ရည်ရှိတယ် ဆိုတဲ့သက်သေ အထောက်အထားဖြစ်ပါတယ်”


User Icon Photo

Doug Suttles
Ookla ၏ CEO


“ဒီ မြန်မာ့ အမြန်ဆန်ဆုံး ISP Network ဆုဟာ ကျွန်တော်တို့ 5BB Broadband (Global Technology) ရဲ့ ပိုမိုကျယ်ပြန့်ပြီး မြန်ဆန်တဲ့ အမြန်နှုန်း ကတစ်ဆင့် အနာဂတ်မှာ အမြန်ဆုံး နှုန်းကို ဝန်ဆောင်မှု ပေးနိုင်ဖို့ ရင်းနှီးမြှပ်နှံမယ် ဆိုတဲ့ ရည်ရွယ်ချက်ကို ပိုပြီးအုတ်မြစ်ခိုင်မာစေပါတယ်။ ကျွန်တော်တို့ ကွန်ရက်ဟာ အသုံးပြုသူကွန်ရက်နဲ့ စီးပွားရေး အင်တာနက် အသုံးပြုသူတွေ အတွက်အကောင်းဆုံး သာမက ကျွန်တော်တို့ တစ်နိုင်ငံလုံးရဲ့ အဓိက ဆက်သွယ်ရေး ကွန်ရက်ဖြစ်တဲ့ 4GLTE နှင့်ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်း ကွန်ရက်များအတွက်ပါ နောက်ဘက်မှ မားမားမတ်မတ် ရပ်တည်ကာ အကောင်းမွန်ဆုံးကွန်ရက်တစ်ခုအဖြစ် ပံ့ပိုးပေးနေပါတယ်။ ကျွန်တော်တို့ဟာ အိမ်သုံးအင်တာနက် နဲ့ စီးပွားရေး လုပ်ငန်းသုံး အင်တာနက်နှစ်ခုလုံးအတွက် သီးသန့် ၁၀၀% fiber optics များကို ပေးစွမ်းနိုင်တဲ့ ဈေးကွက်၏ ရှေ့ဆောင် လမ်းပြတွေဖြစ်တယ် လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် ဒီကပ်ရောဂါကာလအတွင်း 5BB Network ပေါ်မှ work from home, remote learning အစရှိတဲ့ လုပ်ငန်းများ လုပ်ကိုင်နေကြတဲ့ မြန်မာပြည်သူများအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ၊ တစ်ဦးနှင့်တစ်ဦး အစဉ်အမြဲ ချိတ်ဆက်နိုင်မယ့် အကောင်းဆုံးကွန်ယက်အာမခံချက်ကို ဒီအောင်မြင်မှုနဲ့ အတူ ကျွန်တော်တို့ဟာ အကောင်းဆုံး အင်တာနက် အရည်အသွေးနဲ့ အမြန်နှုန်း စွမ်းဆောင်ရည်ကို သက်သေပြခဲ့ပါပြီ။”


U Shane Thu Aung Photo

ဦးရှိန်းသူအောင်
chairman နှင့် co-founder


၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော 5BB Broadband ၏အဓိကနည်းပညာများတွင် ဖိုင်ဘာနှင့် 4G / LTE ပါဝင်သည်။ ဤဝန်ဆောင်မှုလုပ်ငန်းသည် မြန်မာနိုင်ငံတွင် စိတ်ချယုံကြည်ရသော၊ တည်ငြိမ်မြန်ဆန်သော ၀န်ဆောင်မှုအဖြစ် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်နှင့်မော်လမြိုင်မြို့တို့၌ FTTH ( Fiber to the Home) ဖြင့် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း ၁.၂ သန်း၊ လူ ဦး ရေ ၆ သန်း၊ 4G / LTE ကွန်ရက်ဖြင့် မော်လမြိုင်၊ ပဲခူး၊ ပြည်နှင့် ဘားအံနှင့် မကွေးတို့တွင် အိမ်ထောင်စု ၅ သန်း၊ လူဦးရေ ၂၅ သန်းတို့ကို အကောင်းမွန်ဆုံး ဝန်ဆောင်မှု ပေးအပ်နေပါသည်။

“မြန်မာနိုင်ငံ Broadband ဝန်ဆောင်မှုလုပ်ငန်းတွေကို ပထမဦးဆုံးအကြိမ်အဖြစ် end-to-end ကွန်ရက် အရည်အသွေးစမ်းသပ်တာဖြစ်ပြီး အသိအမှတ်ပြုခံရလို့ အရမ်းကျေနပ်အားရမိပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ မတူညီတဲ့ သုံးစွဲသူတွေ အတွက် အကောင်းဆုံး အသုံးပြုမှုအတွေ့အကြုံတွေ ပေးချင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီပါတယ်။ ကျွန်တော်တို့သည် သုံးစွဲသူအတွေ့အကြုံများကို အခြေခံ၍ မတူကွဲပြားတဲ့ အရည်အသွေးမှီ ဝန်ဆောင်မှုများအား မြှင့်တင်ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သလို၊ မြန်မာနိုင်ငံ၏အင်တာနက် Eco စနစ်အတွက် စျေးကွက်တွင်ရှိနေသော နှုန်းထားထက် အဆ ၃၀ စျေးနှုန်းလျှော့ချပြီး အများသုံးစွဲတတ်နိုင်မယ့် စျေးနှုန်းများအား ဖော်ဆောင်ပေးခဲ့တဲ့ ပါတယ်။ ကျွန်တော်တို့ဟာ ကွန်ရက်တွေ ဆက်လက် တည်ဆောက်ဖို့နဲ့ တိုးချဲ့ဖို့ကို စိတ်ပိုင်းဖြတ်ထားတဲ့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံ အုတ်မြစ်ခိုင်မာတဲ့ နည်းပညာတွေ အပြင် ယုံကြည်စိတ်ချရမှု၊ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေ ထက်သာလွန်တဲ့ အမြန်နှုန်း နဲ့ဝန်ဆောင်မှုတွေကို ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။”


U Thein Than Toe Photo

ဦးသိန်းသန်းတိုး
CEO နှင့် Co-Founder


“အရင်ကမကြုံတွေ့ဖူးတဲ့ အခြေအနေတွေကြုံလာရချိန်မှာ မြန်မာအိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့အင်တာနက်ကွန်ရက်တွေပေါ်မှာ အလွန်မှီခိုနေရပါတယ်။အဝေးမှ အလုပ်လုပ်ခြင်းနဲ့သင်ယူခြင်း၊မိမိတို့ ချစ်မြတ်နိုးရသူများနှင့်ဆက်သွယ်ခြင်း ဒါမှမဟုတ် အရေးကြီးတဲ့သတင်း အချက်အလက်များကိုရယူခြင်းအထိ မြန်မာပြည်သူတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအရင်းအမြစ်များနဲ့ အဆက်မပြတ် ဆက်သွယ်မှုပေးသော ကုမ္ပဏီအဖြစ်အသိအမှတ်ပြုခံရတာ ကိုကျွန်တော်တို့အနေနဲ့ ဂုဏ်ယူပါတယ်”


U Min Swe Hlaing Photo

ဦးမင်းဆွေလှိုင်
Managing Director နှင့် Co-Founder


ခေတ်မီနည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွင် Global Technology Group သည် ၂၀၀၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အင်တာနက် ၀န်ဆောင်မှုများ အတွက်အရှိန်အဟုန်မြင့်စွာစတင်ခဲ့သည်။ ဒီဂျစ်တယ် ဆက်သွယ်မှုကို တိုးမြှင့်ခြင်း အားဖြင့်မြန်မာပြည်သူတို့၏ဘဝကိုစဉ်ဆက်မပြတ်ကူညီပေးလျက်ရှိသည်။



Global Technology Group အကြောင်း
5BB Broadband ၏ မိခင်ကုမ္ပဏီဖြစ်သည့် Global Technology Company သည် ၂၀၀၂ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး၊ မီဒီယာနှင့် နည်းပညာနယ်ပယ်တွင် ဦးဆောင်နေသူဖြစ်သည်။
Global Technology သည် မြန်မာနိုင်ငံ၏ Telecom, Media and Technology ဂေဟစနစ်၏ အဓိကအချက်အချာကျပြီး အခြေခံအဆောက်အဦ၏ ကျောရိုးဖြစ်သောကြောင့် အနာဂတ်တွင် အားကောင်းသော ကစားသမားအဖြစ် ဆက်လက်တည်ရှိနေဦးမည်။
Global Technology သည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ပြီး လျင်မြန်စွာဖွံ့ဖြိုးဆဲ TMT ကဏ္ဍ၊ လုပ်ငန်းလည်ပတ်ခွင့်လိုင်စင်မျိုးစုံ နှင့် ICT လုပ်ငန်းများတွင် လုပ်သက် နှစ် ၂၀ ကျော်ရှိပြီး နည်းပညာနယ်ပယ်ကို ဖွံ့ဖြိုးစေရန် အရေးပါသော အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ခဲ့သော အ‌မြော်အမြင်ကြီးသည့် ပူးတွဲတည်ထောင်သူများဦးဆောင်သည့် ဝါရင့်စီမံခန့်ခွဲသူအဖွဲ့၊ ပျမ်းမျှလုပ်သက် နှစ် ၂၀ ကျော်ရှိသော အရည်အချင်းရှိ အလုပ်အမှုဆောင်အဖွဲ့တို့၏ အားပေးပံ့ပိုးမှုတို့ကြောင့် အရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးလျက်ရှိသည်။


5BB Broadband crowned market leader with fastest ISP network 2020 in Myanmar


With a top download speed of 57.97 Mbps during Q1 and Q2 2020, Myanmar’s leading telecommunications service provider has been awarded by speed testing global leader Ookla

Yangon, Myanmar, 17th August 2020 - 5BB Broadband, the service brand of Global Technology Group, has been recognized as the fastest fixed broadband network in Myanmar of 2020 by Ookla, the global leader in internet testing and analysis. 5BB achieved an outstanding Speed Score of 21.58, with a top download speed of 57.97 Mbps and a top upload speed of 43.61 Mbps.

The broadband network award is based on of the most accurate analysis by Ookla, which compared 1,539,406 consumer-initiated tests taken on Speedtest applications connected to a fixed network across Myanmar, from January to June 2020, and recognized 5BB Broadband as the country’s fastest fixed network, ahead of its competitors.

In previous years, only fastest mobile network was awarded to Myanmar. This year, they call it Fastest Fixed Network Award; 5BB Broadband surpassed all Operators and other ISPs then awarded for the first time in Myanmar for the so-called Fiber Internet.

“We are pleased to present 5BB Broadband (Global Technology Company) with the award for Fastest ISP Network in Myanmar. This recognition is testament to their exceptional performance in Q1-Q2 2020 based on Ookla's rigorous analysis of consumer-initiated tests taken with Speedtest.”


User Icon Photo

Mr. Doug Suttles
CEO at Ookla


“This Myanmar’s fastest ISP Network award cemented our 5BB Broadband (Global Technology) commitment of investment substantially in our network through expansion and upgrades to provide the fastest broadband speeds and to deliver even faster speeds in the future. Our resilience network is best for consumer and business internet users but also our nationwide coverage networks are serving major backbone of most of the Myanmar’ major critical infrastructure including 4GLTE and financial and banking network. We are pioneer of the market to provide 100% pure fiber optics to both home internet and business internet. Especially during this pandemic time, this achievement also prove that Myanmar people are increasingly relied on our 5BB network to work with learn remotely and stay connected to loved ones and vital information.”


U Shane Thu Aung Photo

U Shane Thu Aung
Chairman and Co-Founder of Global Technology Group


Launched in 2017, 5BB Broadband’s core technologies include fiber and 4G/LTE. The service provider is committed to offer a reliable, stable and fast service, with the largest FTTH (Fiber to the home) in Myanmar, an enhanced network that covers 6 million people and 1.2 million households across the country, including Yangon, Mandalay, Bago, Pyay and Mawlamyine. Its 4G/LTE network is also available in Mawlmyine, Bago, Pyay and Hpa-an and Magway, covering 25 million people and 5 million households.

“This is the very first time that end to end network quality among Myanmar broadband service providers is being measured, and we are extremely pleased with this recognition, as it reflects our commitment towards delivering the best experiences for our diverse customers nationwide. We are pioneer to scale up the value proposition to differentiate user experiences and we are leader in affordability by cutting down thirty times from the market price which create enormous value to the Myanmar internet eco system. We are determined to continue building and expanding our networks, with our solid infrastructure as the vital foundation to provide end to end reliability, far ahead of our competitors in speed, coverage and service.”


U Thein Than Toe Photo

U Thein Than Toe
CEO and Co-Founder of Global Technology Group.


“During these unprecedented times, Myanmar households and businesses are significantly reliant on their internet networks. From working and learning remotely, to staying connected to their loved ones or accessing up to date vital information, we are proud to be recognized as a company who empowers and enables Myanmar people to be continuously connected to economic, educational, health and social resources when it matters the most”


U Min Swe Hlaing Photo

U Min Swe Hlaing
Managing Director and Co-Founder of Global Technology Group.


At the cutting-edge of technology and innovation, Global Technology Group has been since 2002 setting the pace for internet services in Myanmar, continuously helping enrich the lives of Myanmar people through enhanced digital connectivity.



About the Global Technology Group Limited
5BB Broadband (Global Technology Company) is a leading player in Myanmar’s telecommunications, media and technology industry founded in 2002.
Global Technology is at the core of Myanmar’s TMT ecosystem and will continue to remain a strong player in the future, given its strong infrastructure Backbone.
Global Technology clear vision as a digital leader in Myanmar, the growth is underpinned by a rapidly developing TMT sector, a full suite of operating licenses and a well-experienced management team led by visionary co-founders that have played a pivotal role in advancing the technology industry with more than 20 years of TMT and ICT industry experience, supported by a skilled executive team, with an average tenure of over 20 years .