CSR Award
MEA 2019 1

Global Technology Group 2019 AMCHAM CSR Excellence (ACE) Recognition Award for 4th Consecutive year

ရန်ကုန်မြို့ ၂၀၁၉,နိုဝင်ဘာလ,၂၆ ရက်နေ့၊ Chatrium Hotel Royal Lake Yangon ၊ နေ့လည် ၁၂ နာရီ အချိန်တွင် American Chamber of Commerce in Myanmar (AMCHAM Myanmar) မှချီးမြှင့်သောလူထုအကျိုးပြုလုပ်ငန်းလုပ်ဆောင်မှုများအတွက် AMCHAM CSR Excellence Award ပေးအပ်ပွဲအခမ်းအနားအစီအစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ စီးပွားရေးဆိုင်ရာ လူမှုရေးတာဝန်ယူမှုမှာ ထိပ်တန်းက ရွေးချယ်ခံရတဲ့ အသင်းဝင်ကုမ္ပဏီကြီးတွေကို အသိအမှတ်ပြုချီးမြှင့်ခြင်း အခမ်းအနားဖြစ်ပြီး သံအမတ်ကြီး မာစီရယ်လ် ကိုယ်တိုင်တက်ရောက်ခဲ့ပါသည်။ အဆိုပါဆုသည် တစ်နှစ်တာအတွင်း လူထုအကျိုးပြုလုပ်ငန်းများနှင့်ပတ်သက်သောဆောင်ရွက်မှုများအတွက် AMCHAM Myanmar မှ (၅)နှစ်မြောက် အသိအမှတ်ပြုပေးအပ်သော ဆုပေးပွဲအခမ်းအနားဖြစ်ပါတယ်။ Global Technology Group (GTG) သည် ၂၀၁၉ ခုနှစ် တနှစ်တာအတွင်း အကောင်းဆုံး CSR Excellence Award ဂုဏ်ပြုလက်မှတ်ရသည့်အပြင် ၄ နှစ် ဆက်တိုက် Award ရရှိခြင်းကြောင့် “Silver Level” အဖြစ် ဆက်လက်အသိမှတ်ပြုခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ GTG သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများတွင် တစ်ဖက်တစ်လမ်းမှ တာဝန်ယူမှုအပြည့်ဖြင့် ရပ်တည်နေသောအဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့် အညီ ရှေ့ဆက်ဆောင်ရွက်ရမည့် လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း ဆက်လက်ပြုလုပ်သွားနိုင်ဖို့ ၎င်းဆုသည် အားတစ်ခုလည်းဖြစ်စေပါတယ်။ GTG အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်း ပြည်သူတွေအတွက် ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာများအတွက် မည်သည့်နေရာများတွင် လိုအပ်ချက်များရှိနေသည်ကို တွေ့ရှိ သိရှိနေပြီး ထောက်ပံ့အားပေးနိုင်ရန် GTG ၏ CSR Team မှ ၂၀၂၀ ခုနှစ်တွင်ယခင်နှစ်များထက် အကောင်အထည်ဖော်သွားပါမည်။ GTG ၏ CSR Activities များ တစ်နှစ်ထက်တစ်နှစ် ပိုမိုလုပ်ရှားလာနိုင်ခြင်းမှာလည်း အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် သုံးစွဲသူများအပါအဝင် ဝန်ထမ်းများအားလုံး၏ကြိုးစားအားထုတ်မှုများကြောင့်သာ ဖြစ်သောကြောင့် Global Technology Group ၏ ဝန်ထမ်းများအားလုံးကိုယ်စား ဒီနေ့ ဒီလို အသိအမှတ်ပြု AMCHAM CSR Excellence (ACE) Awards ကို ၄ နှစ်ဆက်တိုက်ရရှိခြင်းအား ဝမ်းမြောက်စွာမှတ်တမ်းတင်အပ်ပါတယ်။

Yangon, November 26, 2017 Chatrium Hotel Royal Lake Yangon , At 12 noon, the AMCHAM CSR Excellence Award was held for the community charitable activities conducted by the American Chamber of Commerce in Myanmar (AMCHAM Myanmar), American Chamber of Commerce Social Responsibility for Myanmar. In recognition of the top elected members of the company. It was close to the arrival of Ambassador Marciel. The award is the 5th Anniversary of AMCHAM Myanmar’s recognition of community service activities throughout the year. Global Technology Group (GTG) is honored to receive the “CSR Excellence Award” of the year, and is honored to be recognized as a “Silver Level” for the fourth consecutive year. GTG is an organization that is fully accountable to Myanmar’s economic development sector. It also gives us the power to continue the social work that needs to be done. GTG recognizes the needs of the people of Myanmar, not just physical ones, but will be implemented by GTG’s CSR Team by the year 2020 to provide support. The success of GTG’s CSR Activities year after year is also due to the efforts of all staff, including corporate users, and we are pleased to record the recognition of this annual AMCHAM CSR Excellence Awards (ACE) on behalf of all.


MEA 2019 2

MEA 2019 3