CSR

Corporate Social Responsibility

The Corporate social responsibility sector has become one of the most important concepts in today’s business and also one of the main concepts in becoming and competing with the other global organizations. We believe that as the company continues to grow for the long-term as a successful business, the socioeconomic growth place a major role in shaping the organizations CSR. Our main issue is to minimize the environmental pollutions, conditions, support the communities, develop and improve the employee workforce. Our slogan is to provide each of the business with more eco-friendly, security in the workplace and improve the workforce. Our Corporate Social Responsibility (CSR) strategy is built upon the reflection and feedbacks from our society. Each time we respond to a challenge, we try to grab every single opportunity to be an outstanding business enterprise which will be trusted by the nations. We structured our own policies and strategies which will maximize our positive impact across our society. Our successes upon the strategies we have taken are measured by the outcomes. Our environment programs are designed to:






5BB CSR


  • 18 May 2023

    လက်ရှိရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်ရန် 5BB Broadband, Global Technology မှ ငွေကျပ် သိန်း ၁၀၀ အား We Love Rakhine အဖွဲ့အစည်းသို့ လှူဒါန်းခဲ့ပါသည်။
    မုန်တိုင်းကြောင့် စစ်တွေ၊ မြောက်ဦး၊ ဂွနှင့် ရခိုင်ပြည်နယ်မှ အခြားမြို့များတွင် လျှပ်စစ်ဓာတ်အားပေးတိုင်များ လဲကျခြင်း၊ အိမ်အချို့ အလုံးလိုက်ပြိုကျခြင်းနှင့် အိမ်အမိုးပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီခြင်း ဖြစ်ပါသည်။ 5BB Broadband မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ နှင့် မိမိတို့ Service သုံးစွဲသူ Customers တွေရဲ့ စုပေါင်းအလှူလေးဖြစ်ကြောင်း သာဓုခေါ်ဆိုနိုင်ရန် အသိပေးကြေညာအပ်ပါတယ်ရှင်
    #Our-contribution-on-diseaster-struck-Rakhine #5BB_Broadband #2023donation

    Mocha CSR photo
  • 4 Jan 2021

    ⚜️⚜️၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီလ (၄) ရက်နေ့(လွတ်လပ်ရေးနေ့) တွင် ကျင်းပပြုလုပ်ခဲ့သော ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဗုဒ္ဓါဘိသေက အနေက ဇာတင်မင်္ဂလာနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ကြီးမှူး၍ စေတီတော်ဘက်စုံပြုပြင်လှူဒါန်းခြင်းအခမ်းအနားကြီးတွင် မြန်မာ့ အမြန်ဆုံးဆုရ #5BB_Broadband မှ စုစုပေါင်းလှူဒါန်းငွေ သိန်း ( ၅၀၀ ) ကျပ်တန်ဖိုးရှိ ၁၀၀% အမြန်နှုန်းမြင့် #Emergency_Respond_Network အခမဲ့ တပ်ဆင်ပေးခြင်းနှင့် ဝန်ဆောင်မှု လစဉ်ကြေးကင်းလွတ်ခွင့်ပြုပေးခြင်း တို့ကို စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ပါသည်။🙏🙏 🔰🔰ဤအလှူသည် #GlobalNet / #5BB ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ နှင့် မိမိတို့ Service သုံးစွဲသူ Customers အပေါင်း တို့ရဲ့ စုပေါင်းအလှူလေးဖြစ်ပါကြောင်းကိုလည်း သာဓုခေါ်ဆိုနိုင်ရန် အသိပေးကြေငြာအပ်ပါတယ်ရှင့်။ မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာ၍ ကပ်ရောဂါဘေးမှကင်းဝေးကြပါစေ 🙏🙏🙏 #Emergency_Respond_Network_Donation #5BB_Broadband #2021firstdonation #Express_Wifi

    4 Jan 2021 photo
  • 18 Nov 2020

    အားတင်းထားကြမယ် မြန်မာပြည်သူပြည်သားတို့ သင်တို့အတွက် 5BB အဖွဲ့သားများက အမြဲရှိနေမှာပါ 💪💪 5BB မှ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် Covid-19 ရောဂါကုသရေးဌာန အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ( ရန်ကုန် ) သို့ ငွေကျပ် ( ၂၅ ) သိန်းတိတိ တန်ဖိုးရှိ မြန်နှုန်းမြင့် Fiber_Internet 50Mbps ( ၁ ) နှစ်စာနှင့် အခြားသော ဆက်စပ်ပစ္စည်းများအား စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ပါသည်။ ⚡️⚡️Covid_19 မုန်တိုင်းစတင်ကတည်းက ကူနေတာ Covid_19 မုန်တိုင်းအလယ်ရောက်သည့်တိုင်ကူနေဆဲပဲ Covid_19 မုန်တိုင်းပြီးသွားသည့်တိုင် ကူနေအုံးမှာ မြန်မာပြည်သူပြည်သားတွေနဲ့ အမြဲရှိနေမှာ 5BB ပါ🥰🥰 #နှာခေါင်းစည်းတပ်ပါ #ခပ်ခွာခွာနေပါ #လက်ဆေးပါ

    18 Nov 2020 photo
  • 13 Nov 2020

    အားတင်းထားကြမယ် မြန်မာပြည်သူပြည်သားတို့ သင်တို့အတွက် 5BB အဖွဲ့သားများက အမြဲရှိနေမှာပါ 💪💪 5BB မှ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် Covid-19 ရောဂါကုသရေးဌာန (ရန်ကုန်) ဖောင်ကြီးသို့ ကျပ်သိန်းပေါင်း (၂,၅၀၀)ကျပ်တန်ဖိုးရှိ 100% မြန်နှုန်းမြင့် Emergency Respond Network တပ်ဆင်ခြင်း နှင့်ကျပ်သိန်းပေါင်း (၃,၆၀၀)ကျပ်တန်ဖိုးရှိ 300Mbps Wifi ဝန်ဆောင်မှုတစ်နှစ်စာတို့အား စုစုပေါင်း ကျပ်သိန်းပေါင်း (၆,၁၀၀) ကျပ်တိတိကို စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ပါသည်။ ⚡️နိုင်ငံတော်အစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ဆရာဝန်ကြီးများ၏ကုသရေးစနစ်များအတွက် မရှိမဖြစ်လိုအပ်နေတဲ့ Data Communication များအတွက် #5BB 🧑‍⚕️👨‍⚕️ဖောင်ကြီးတွင် ကုသနေကြသော အထွေထွေရောဂါဝေဒနာရှင်များအတွက် ဖောင်ကြီးမှ ဆရာဝန်ကြီးများနှင့် ပြင်ပမှ ထူးချွန်ဆရာဝန်များ ပေါင်းစပ်ကုသဖို့အတွက် အဓိက လိုအပ်သည့် Data Communication များအတွက် #5BB ⚡️အကြောင်းအမျိုးမျိုးကြောင့် Covid 19 ကူးစက်နေကြသည့် ဝေဒနာရှင်များအတွက် သူတို့ရဲ့ မိသားစုများ ၊ချစ်ရခင်ရသူများနှင့် ဆက်သွယ်ပေးနိုင်မည့် Data Communication များအတွက် #5BB 🧟‍♂️Covid 19 ဆိုတာ World Health Organization (WHO) နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း Covid 19 ရောဂါသည် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိလျှင် ပိုမို အန္တရာယ်ရှိတာဖြစ်လို့ ကိုယ်ချစ်တဲ့ ခင်တဲ့လူတွေနဲ့ ဆက်သွယ်စကားပြောနိုင်တဲ့အခါ ပြေပျောက်သွားစေဖို့ စိတ်ပိုင်းဆိုင်ရာနွေးထွေးမှုပေးနိုင်ဖို့ ကြောက်ရွံ့မှုတွေကို ပျောက်ကင်း စေနိုင်ဖို့ အဓိကလိုအပ်မည့် Data Communication များအတွက် #5BB မှ ဝင်ရောက်လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်ရှင် 👨‍👩‍👧‍👧👩‍👩‍👧‍👦 ⚡️Covid 19 မုန်တိုင်းစတင်ကတည်းက ကူနေတာ Covid 19 မုန်တိုင်းအလယ်ရောက်သည့်တိုင်ကူနေဆဲပဲ Covid 19 မုန်တိုင်းပြီးသွားသည့်တိုင် ကူနေအုံးမှာ မြန်မာပြည်သူပြည်သားတွေနဲ့ အမြဲရှိနေမှာ 5BB ပါ 🥰🥰 #နှာခေါင်းစည်းတပ်ပါ #ခပ်ခွာခွာနေပါ #လက်ဆေးပါ

    13 Nov 2020 photo
  • 10 Oct 2020

    အင်းယားစင်တာ (COVID-19 ရောဂါကုသရေးဌာန၊ မရမ်းကုန်း) တွင် 5BB Broadband (Global Technology Company) မှ Covid 19 ထိန်းချုပ် ကာကွယ် ကုသရေး အလှူအဖြစ် မြန်နှုန်းမြင့် Fiber Internet 100 Mbps (၂) လိုင်း ကို ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများမှ လူနာများနှင့် အဆင်မြင့် ဆက်သွယ်မှု စနစ်များချိတ်ဆက်ရာတွင် အသုံးပြုနိုင်ရန်အတွက် တပ်ဆင်လှူဒါန်းပေးထားပါသည်။ ကနဦးလှူဒါန်းမှုမှာ ကျပ် သိန်း (၁၀၀) ဖြစ်ပြီး လိုအပ်ပါကလည်း မြန်နှုန်းများထပ်မံတိုးမြှင့် လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။ 5BB Broadband (Global Technology Company) သည် Covid-19 ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကြေငြာချက်များအတိုင်း လိုက်နာပြီး အစိုးရဌာန အဖွဲ့အစည်းများ၊ Covid ကာကွယ် ကုသရေးနှင့် ထိန်းချုပ်ရေး စင်တာမျာ၊ အများပြည်သူများ Stay Home ကာလအတွင်း ဆက်သွယ်မှုများ လုပ်ငန်းများ ပြတ်တောက်မှု မရှိစေရန်အတွက် အထူးအလေးထား၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကိုဗစ်-19 ရောဂါ ကုသရေးအတွက် ကုတင် (၅၀၀) ပါဝင်သည့် အင်းယားစင်တာကို အောက်တိုဘာ လ (၁၀) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လာရောက် ဖွင့်လှစ်ပြီး စတင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ ဤအလှူသည် #GlobalNet / #5BB ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ နှင့် မိမိတို့ Service သုံးစွဲသူ Customers အပေါင်း တို့ရဲ့ စုပေါင်းအလှူလေးဖြစ်ပါကြောင်းကိုလည်း သာဓုခေါ်ဆိုနိုင်ရန် အသိပေးကြေငြာအပ်ပါတယ်ရှင့်။ မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာ၍ ကပ်ရောဂါဘေးမှကင်းဝေးကြပါစေ 🙏🙏🙏 💪💪Covid Can’t Kill Our Spirit.....you #stayhome we #workforyou #InyaCentre #5BBBroadband

    10 Oct 2020 photo
  • 21 Sep 2020

    အားတင်းထားကြမယ် မြန်မာပြည်သူပြည်သားတို့ သင်တို့အတွက် 5BB အဖွဲ့သားများက အမြဲရှိနေမှာပါ 💪💪 5BB မှ ဖောင်ကြီး COVID-19 ကုသရေးစင်တာ ထပ်တိုး ကုသရေး အဆောင်များဖြစ်ကြသည့် ကံ့ကော်ဆောင် ၊ပိတောက်ဆောင် ၊ ICU အဆောင်များ စသည့် ထပ်တိုးဆောင်များအတွက် မရှိမဖြစ် လိုအပ်သော Data Communication ကွန်ယက် စနစ်များကို အစမှအဆုံး ပိုးမွှားအန္တရာယ်များကြားမှ ကုသရေးလုပ်နေတဲ့ ဆရာဝန်ကြီးများ ၊ကျန်းမာရေးပညာရှင်တွေနည်းတူ 5BB Broadband မှ နည်းပညာရှင်များ Engineer များမှ တက်စွမ်းသမျှဝင်ရောက်တပ်ဆင်ဆောင်ရွက်ပေးခဲ့ကြပါတယ် ⚡️နိုင်ငံတော်အစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ဆရာဝန်ကြီးများ၏ကုသရေးစနစ်များအတွက် မရှိမဖြစ်လိုအပ်နေတဲ့ Data Communication များအတွက် #5BB 🧑‍⚕️👨‍⚕️ဖောင်ကြီးတွင် ကုသနေကြသော အထွေထွေရောဂါဝေဒနာရှင်များအတွက် ဖောင်ကြီးမှ ဆရာဝန်ကြီးများနှင့် ပြင်ပမှ ထူးချွန်ဆရာဝန်များ ပေါင်းစပ်ကုသဖို့အတွက် အဓိက လိုအပ်သည့် Data Communication များအတွက် #5BB ⚡️အကြောင်းအမျိုးမျိုးကြောင့် Covid 19 ကူးစက်နေကြသည့် ဝေဒနာရှင်များအတွက် သူတို့ရဲ့ မိသားစုများ ၊ချစ်ရခင်ရသူများနှင့် ဆက်သွယ်ပေးနိုင်မည့် Data Communication များအတွက် #5BB 🧟‍♂️Covid 19 ဆိုတာ World Health Organization (WHO) နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း Covid 19 ရောဂါသည် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိလျှင် ပိုမို အန္တရာယ်ရှိတာဖြစ်လို့ ကိုယ်ချစ်တဲ့ ခင်တဲ့လူတွေနဲ့ ဆက်သွယ်စကားပြောနိုင်တဲ့အခါ ပြေပျောက်သွားစေဖို့ စိတ်ပိုင်းဆိုင်ရာနွေးထွေးမှုပေးနိုင်ဖို့ ကြောက်ရွံ့မှုတွေကို ပျောက်ကင်း စေနိုင်ဖို့ အဓိကလိုအပ်မည့် Data Communication များအတွက် #5BB မှ ဝင်ရောက်လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်ရှင် 👨‍👩‍👧‍👧👩‍👩‍👧‍👦 ⚡️Covid 19 မုန်တိုင်းစတင်ကတည်းက ကူနေတာ Covid 19 မုန်တိုင်းအလယ်ရောက်သည့်တိုင်ကူနေဆဲပဲ Covid 19 မုန်တိုင်းပြီးသွားသည့်တိုင် ကူနေအုံးမှာ မြန်မာပြည်သူပြည်သားတွေနဲ့ အမြဲရှိနေမှာ 5BB ပါ🥰🥰 #နှာခေါင်းစည်းတပ်ပါ #ခပ်ခွာခွာနေပါ #လက်ဆေးပါ

    21 Sep 2020 photo
  • 4 Sep 2020

    တာဝန်သိအဖွဲ့အစည်း Global Technology Company ၏ မြန်မာ့အမြန်ဆုံး အင်တာနက်ဆုရ #5BB Broadband မှ Covid-19 ရောဂါကုသရေးဌာန (ရန်ကုန်) ၊ ဖောင်ကြီး သို့ Covid-19 ရောဂါတားဆီးကာကွယ်နှိမ်နှင်းရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန် ငွေကျပ်သိန်း(၁၀၀) တန်ဖိုးရှိသော 100% မြန်နှုန်းမြင့် WiFi Internet ကို ထပ်မံသွားရောက်လှူဒါန်းခဲ့ပါသည်။ ဤအလှူသည် #GlobalNet / #5BB ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ နှင့် မိမိတို့ Service သုံးစွဲသူ Customers အပေါင်း တို့ရဲ့ စုပေါင်းအလှူလေးဖြစ်ပါကြောင်းကိုလည်း သာဓုခေါ်ဆိုနိုင်ရန် အသိပေးကြေငြာအပ်ပါတယ်ရှင့်။ မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာ၍ ကပ်ရောဂါဘေးမှကင်းဝေးကြပါစေ. .🙏🙏🙏 💪💪Covid Can’t Kill Our Spirit.....you #stayhome we #workforyou

    4 Sep 2020 photo
  • 31 Aug 2020

    Global Technology Group ( Global net, 5 BB, လာလာကြည့်) ရန်ကုန်မြို့ မှ PPE ဝတ်စုံ100, 3 Layer Mask 500 တို့ကို ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါဆိုးကြီးကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများ, ရောဂါသင့်လူနာများ၊ စောင့်ကြည့်လူနာများ၊ တာဝန်ယူ ကုသပေးနေကြသောဆရာဝန်/မ များ , သူနာပြုများ၏ လိုအပ်ချက်များ, Covid ကြောင့် အခက်အခဲ ဖြစ်ပေါ်လာနိုင်သည့် မိသားစုများအား လိုအပ်သလို ကူညီထောက်ပံ့နိုင်ရေးတို့အတွက်....စေတနာသဒ္ဓါထက်သန်စွာဖြင့် လှူဒါန်းခဲ့ပါသည်။

    Rakhine Donation
  • 15 Jul 2020

    🧟 အခုလို COVID-19 ကပ်ရောဂါဖြစ်ပွါးနေချိန်မှာ မြန်မာနိုင်ငံ၏ ကမ္ဘာအလှူအတန်း အရက်အရောဆုံးနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်နှင့်အညီ မြန်မာနိုင်ငံသားများ ဦးဆောင်နေသော Global Technology Company (5BB broadband) မှ မိမိတို့နိုင်ငံနှင့်နိုင်ငံသားများအတွက် အလှူဒါနများစွာ၊ ပရဟိတလုပ်ငန်းပေါင်းများစွာ လုပ်ဆောင်လျက်ရှိပါသည်။ ⚡ ယခုလည်း ထူးထူးဆန်းဆန်းနဲ့ လူသားများအတွက် အကျိုးပြုနိုင်မည့် Rice ATM ဆိုတဲ့ ဆန်အလိုအလျောက်ထုတ်ပေးသောစက်ကို ဗီယက်နမ်မှာ ပေါ်ပေါက်လာသလို ယခုအခါ မြန်မာနိုင်ငံတွင်လည်း ပေါ်ပေါက်လာပါပြီ။ 🍚 Rice ATM စက်ကို Kinetic Internet Pleodata Myanmar,Myanmar Trillion Group နှင့် လူငယ်အင်ဂျင်နီယာများက စုပေါင်းတီထွင် လှူဒါန်းထားတာဖြစ်ပြီး Global Technology Company နှင့် MICTDC တို့မှ ပြည်သူပြည်သားများ Covid ကာလအတွင်း စား၀တ်နေရေးပြေလည်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

    DonationsForFloodAtMawlamyine
  • 23 Aug 2019

    ၂၃.၈.၂၀၁၉ (သောကြာနေ့) တွင် မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေများနှင့် စားနပ်ရိက္ခာများကို 5BB နှင့်LaLaky! အဖွဲ့သားများမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ သွားရောက်လှူဒါန်းခဲ့ကြပါသည်. .

    DonationsForFloodAtMawlamyine
  • 18 Aug 2019

    မွန်ပြည်နယ်ရှိရေဘေးသင့် ပြည်သူများအတွက် မော်လမြိုင်မြို့ရှိ 5BB အဖွဲ့သားများမှ စားနပ်ရိက္ခာများအား သွားရောက်လှူဒါန်းသွားမည်ဖြစ်ပါသည်။ ထပ်မံ၍ ရန်ကုန်မြို့မှ 5BB အဖွဲ့သားများမှလည်း ၂၁.၈.၂ဝ၁၉ (ဗုဒ္ဓဟူးနေ့ ) တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဖွင့်လှစ်ထားသော မွန်ပြည်နယ်အစိုးရ ရေဘေးကယ်ဆယ်ရေးအဖွဲ့သို့ သွားရောက်လှူဒါန်းသွားမည်ဖြစ်ပါသည်။

    DonationForMon1
  • 18 June 2019

    အနာဂတ်ကာလစိမ်းလန်းဖို့ သစ်ပင်စိုက်ဒါနပြုကြစို့…..🍃🍀🌿 🌴🌳🌲 Let’s make our world ” A Greener Place “ ၁၈/၀၆/၂၀၁၉ရက်နေ့ ရေနံချောင်းမြို့နယ်နှင့် ချောက်မြို့နယ်တို့တွင် အပူဒဏ်လျှော့ကျရေးစိမ်းလန်းစိုပြေရေးအတွက် နေထူးနိုင်ဦးဆောင်၍မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင်ရေနံချောင်းသစ်ပင် ချစ်သူများအတူတကွပူးပေါင်းကာပြုလုပ်သည့် သစ်ပင် ၂၀၀၀၀ စိုက်ပွဲသို့ GlobalNet မိသားစုမှလဲ ပူးပေါင်းပါဝင်ရောက်ရှိ ..☘️🌿🌳🌳

    Lets-make-our-world-a-greener-place
  • 31 July 2018

    Bago Cities and Near VillagesCash, Rice packs, Noodles, Cans.

    DonationsForFloodAtBago
  • 5 Feb 2018

    Donations to Paungdawoo Mandalay Monastery5BB one Internet 22 Mbps and two FTTH Internet for 14 Mbps.

    DonationsToMandalayMonastery
  • 21 Jan 2018

    Training School for Girls (93 orphanage girls) Day Trips to Yangon zoo ( Transportations + Lunch + Snacks)
    5BB ၏ အင်တာနက်သုံးစွဲသူများကိုယ်စား 5BB ၏ ဝန်ထမ်းမိသားစုများမှ ၂၁.၁.၂၀၁၈ (တနင်္ဂနွေနေ့)တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမှတ်(၄၉)၊ မလိခလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော အမျိုးသမီးကလေးများသင်တန်းကျောင်းရှိ မိဘမဲ့၊ ခိုကိုးရာမဲ့ အမျိုးသမီးကလေးများ (၉၃)ဦးကို တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ပျော်ရွှင်စရာလေ့လာရေးခရီးစဉ်အဖြစ် ပို့ဆောင်ပေးခဲ့ပါတယ်။

    DayTripsToYangonZoo
  • 2 July 2017

    Training School for girlsBooks, funitures

    LibraryBookDonation
  • 28 June 2017

    Kyaik Wine Boys Training Schools Breakfast, lunch, dinner, backpacks, clothes, stationary
    5BB ၏ အင်တာနက်သုံးစွဲသူများကိုယ်စား 5BB ၏ ဝန်ထမ်းမိသားစုများမှ ၂၈.၆.၂၀၁၇ (ဗုဒ္ဒဟူးနေ့)တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမှတ် (၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရန်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းရှိ မိဘမဲ့၊ ခိုကိုးရာမဲ့ လူငယ်လေးများ စုစုပေါင်း (၉၈) ဦးအတွက် အာဟာရဒါနအဖြစ် တစ်နေ့တာ မနက်စာ၊ နေ့လည်စာနှင့် ညနေစာများအပြင် ပညာရေးထောက်ပံ့ကူညီမှုအဖြစ် ကျောင်းသုံးဗလာစာအုပ်များ၊ ဘောင်းဘီလေးများနှင့် ကိုယ်တိုက်ဆပ်ပြာများအား သွားရောက်လှူဒါန်းခဲ့ပါသည်။

    DonationsOfKyaikWineBoysTrainingSchool
  • 21 June 2017

    Training School for Girls (110 orphanage girls) Breakfast, lunch, dinner, stationary, lunchboxes.
    5BB ၏ အင်တာနက်သုံးစွဲသူများကိုယ်စား 5BB ၏ ဝန်ထမ်းမိသားစုများမှ ၂၁.၆.၂၀၁၇ (ဗုဒ္ဒဟူးနေ့) တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမှတ် (၄၉)၊ မလိခလမ်း၊ မရန်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော အမျိုးသမီးကလေးများသင်တန်းကျောင်းရှိ မိဘမဲ့၊ ခိုကိုးရာမဲ့ အမျိုးသမီးကလေးများ စုစုပေါင်း(၁၁၀)ဦး အတွက် အာဟာရဒါနအဖြစ် တစ်နေ့တာ နေ့လည်စာ၊ ညနေစာအပြင် ပညာရေးထောက်ပံ့ကူညီမှုအဖြစ် ကျောင်းသုံးဗလာစာအုပ်များ၊ စတီးထမင်းချိုင့်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

    5BBDonationsAtTrainingSchool