News - 5BB Apps

Global Technology Group ဝန်ဆောင်မှုများကို App တခုထဲတွင် အသုံးပြုနိုင်မည့် Application ကိုစတင်မိတ်ဆက်

Global Technology brings New IOS Apps to stay connected with customers

မြန်မာနိုင်ငံတစ်ဝှမ်းတွင် အင်တာနက် နှင့် Network ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသော 5BB Broadband မှ ဝန်ဆောင်မှုများကို App တခုထဲတွင် အသုံးပြုနိုင်မည့် Application ကိုစတင်မိတ်ဆက်

Apple App Store Google Play Store Huawei App Gallery

ရန်ကုန်၊ မြန်မာ၊ ဩဂုတ်လ ၂၀၂၁ ခုနှစ် ။ ။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အင်တာနက် နှင့် Network ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသော 5BB Broadband မှ ဝန်ဆောင်မှုများကို App တခုထဲတွင် အသုံးပြုနိုင်မည့် Application ကို Android ဖုန်းများတွင် အသုံးပြုနိုင်ခဲ့ရာ ယခုအခါတွင် IOS ဖုန်းများတွင်ပါ အသုံးပြုလာနိုင်ပြီဖြစ်သည်။

5BB Application Android Version ကို ၂၀၁၉၊ နိုဝင်ဘာလ တွင်စတင်အသုံးပြုနိင်ခဲ့ပြီး၊ ယခုအခါတွင် IOS ဖုန်းများတွင်ပါ စတင်အသုံးပြုနိုင်အောင်ရေးဆွဲထားနိုင်ပြီဖြစ်သည်။ အဆိုပါ application တွင် Customer Account ၏ လက်ရှိအခြေအနေကို စစ်ဆေးနိုင်ခြင်း (Bill ပေးဆောင်ရမည့်ရက်၊ လက်ကျန်ငွေ၊ Bill Amount ) Bill ပေးဆောင်ထားခြင်းရှိ မရှိ၊ Customer Care နှင့် တိုက်ရိုက်ချိတ်ဆက်မေးမြန်းနိုင်ခြင်း၊ Bill များကြိုတင်ပေးဆောင်ထားပါက လက်ကျန်ငွေများ ရှိ၊ မရှိ ဝင်ရောက်ကြည့်ရှု့နိုင်ခြင်း၊ 5BB Showroom များ၏တည်နေရာများကို အတိအကျဖော်ပြထားခြင်း၊ ငွေပေးချေခဲ့သော မှတ်တမ်းများ အစရှိသည်တို့ကို ပြု လုပ်လာနိုင်မည်ဖြစ်သည်။ ထို့အပြင် အသုံးပြုရလွယ်ကူအောင် ရေးးဆွဲထားသည်ဟု သိရသည်။ ရှေ့ ဆက်လာမည့် features အနေဖြင့် Bill များကို ကြိုတင်ပေးဆောင်ထားနိုင်ခြင်းနှင့်အတူ အခြားထူးခြားသော Features များပါဝင်လာမည်ဖြစ်သည်။

5BB App Photo

အထူးလုပ်ဆောင်ချက်များအနေဖြင့်
  • KBZ pay မှတဆင့်ပေးဆောင်ပါက တနာရီအတွင်း လိုင်းပြန်ဖွင့်ပေးခြင်း
  • ဝယ်ယူထားသော Plan များပြောင်းလဲလိုပါက Apps ပေါ်တွင် ပြောင်းလဲနိုင်ခြင်း
  • တပ်ဆင်ထားသော Plan များပြောင်းလဲလိုပါက Apps ပေါ်တွင် ပြောင်းလဲနိုင်ခြင်း
တို့ကိုပါ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

5BB Apps မှငွေပေးချေလေ့ရှိသော customer တဦးကလဲ Bill Invoice တွေကိုကိုယ်တိုင် စစ်ဆေးနိုင်ခြင်း၊ ဖုန်းမဆက်ရပဲ complain တက်လို့ရသောကြောင့် အချိန်ကုန်သက်သာခြင်း၊ Kpay မှ Bill တိုက်ရိုက် ပေးဆောင်နိုင်ခြင်းတို့အပြင် ယခု Version တွင်လက်ကျန်ငွေများကိုပါစစ်ဆေးနိုင်သောကြောင့် သုံးစွဲရအဆင်ပြေသော Apps တခုဖြစ်သည်ဟုပြောကြားခဲ့သည်။ ယခုလို covid ကာလအချိန်မျိုးတွင် အပြင်မထွက်ရပဲ apps ပေါ်တွင် service ရယူနိုင်ခြင်းကိုကျေနပ်သဘောကျပြီး ပိုမိုကောင်းမွန်သော Features များထပ်မံထည့်သွင်းပေးစေလိုသည် ဟုလည်းဖြည့်စွက်ပြောကြားခဲ့သည်။

User တစ်ဦးထံမှမှတ်ချက်

Global Technology Group အကြောင်း

Global Technology Group သည် ဆက်သွယ်ရေးကဏ္ဍ၏ Telecom, Media, Technology (TMT) အစရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ၂၀၀၀ ခုနှစ်မှစတင်၍ နည်းပညာအဖွဲ့အစည်း အဖြစ်စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ အင်တာနက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ၏ Market Leader အဖြစ် Broadband Internet နှင့် Telecommunications Infrastructure, Digital Infrastructure လုပ်ငန်းများအားဆောင်ရွက်၍ ဝန်ဆောင်မှု ပေးလျက် ရှိပါသည်။ အစိုးရ နှင့် စီးပွားရေးလုပ်ငန်းများသို့ ICT နည်းပညာများဖြစ်သည့် မိုဘိုင်းအသံနှင့်ဒေတာဆိုင်ရာ Infrastructure များ၊ Cloud Computing ဝန်ဆောင်မှုများ၊ အိုင်တီဝန်ဆောင်မှုများနှင့် နည်းပညာအကြံပေးခြင်း လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ Digital Era တွင် ရှေ့တန်းရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် စျေးကွက်ဦးဆောင်သူတစ်ဦးအနေဖြင့် Global Technology Group ၏ ကျယ်ပြန့်သော ဒေတာကွန်ယက်များနှင့် Infrastructure များသည် မြန်မာနိုင်ငံအတွင်းရှိ အဓိကစီးပွားရေး မြို့ကြီးများ၏ ကျောထောက် နောက်ခံအဖြစ် အထောက်အကူပြုလျက်ရှိပါသည်။ Media ကဏ္ဍတွင်လည်း မြန်မာနိုင်ငံရှိ ရုပ်သံလိုင်းများ ကွန်ယက် တည်ဆောင်ခြင်းနှင့် အရည်အသွေးမြှင့်တင်ခြင်းလုပ်ငန်းများအား ဦးဆောင်ကုမ္ပဏီတစ်ခုအနေဖြင့် ဆောင်ရွက်ခဲ့ ပါသည်။ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ဆောင်မှုပိုင်းတွင် ခေတ်မီနည်းပညာများကို မြန်မာနိုင်ငံသို့ ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ဆက်သွယ်ရေးနည်းပညာသမိုင်းတွင် ကမ္ဘာအနှံ့ရှိ နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီများနှင့် နည်းပညာပိုင်းဆိုင်ရာဝန်ဆောင်မှုများကို ပထမဆုံး ချိတ်ဆက်ဝန်ဆောင်မှု ပေးနိုင်ခဲ့သော တစ်ခုတည်းသော မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

🌎 Company Website : www.5BB.com.mm

🏡 Showroom (1) : No (471) , Pyay Road, Kamayut Township, Yangon, Myanmar.

🏡 Showroom (2) : No(517B/518), 4th Ward,Waizayandar Road,South Okkalapa Township, Yangon, Myanmar.

🏡 Showroom (3) : No(81/7) Nawaday Housing, Kyan Sit Thar Road, Hlaing Tharyar Township, Yangon, Myanmar.