News - Gaming

မြန်မာနိုင်ငံတစ်ဝှမ်းတွင် အင်တာနက်နှင့် Network ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသော 5BB Broadband အနေဖြင့် ပိုမိုမြင့်မားတဲ့ Best Possible User Experience ဖန်တီးမှု အသစ်တစ်ခု


စင်္ကာပူ ဟောင်ကောင် ထိုင်းနိုင်ငံတို့တွင်ရှိသော Cloud Gaming Data Center ကြီးများနှင့် တိုက်ရိုက်ချိတ်ဆက်မှုများကို 5BB Broadband မှ ထပ်မံတိုးမြှင့် ချိတ်ဆက်ထားရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


5BBGamingContent photo

[ရန်ကုန်၊မြန်မာ၊ စက်တင်ဘာလ ၂၀၂၂] မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်နှင့် Network ၀န်ဆောင်မှုများ ပေးနေသော 5BB Broadband သည် Gaming နှင့်ပတ်သက်သော ဝန်ဆောင်မှုများနှင့် ပံ့ပိုးမှုများကို တိုးမြှင့်ပေးနိုင်ရန်အတွက် အာရှပစိဖိတ် ဒေသမှာ Gaming Servers တွေ အများဆုံးထားရှိထားတဲ့ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံများမှာရှိတဲ့ Data Center ကြီးများနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး သုံးစွဲသူများ Best Possible User Experience ကို ထပ်မံဖန်တီးလိုက်ပြီ ဖြစ်ပါသည်။


ယနေ့ခေတ်မှာ Gaming နဲ့ ပတ်သက်ပြီး သုံးစွဲမှုများ အဆမတန် မြင့်မားလာသည်နှင့် အတူ ISP များအနေဖြင့် Next Level Gaming Demand လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အပြင် High Qualityဖြစ်ပြီး၊ ရေရှည်တည်တံ့သော cloud ဂိမ်းဝန်ဆောင်မှုများကို တိကျသေချာစွာ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။

5BB Broadband အနေဖြင့် Gaming Platform တွေနှင့် ချိတ်ဆက်နိုင်ပြီး တည်ငြိမ်ကောင်းမွန်တဲ့ Robust Digital Infrastructure ဖြစ်စေရန်နှင့် လိုအပ်တဲ့ လုံခြုံမှု Utmost Security ပေးနိုင်ရန် အတွက် အာရှပစိဖိတ်ဒေသ အကောင်းဆုံး Data Center ကြီးတစ်ခုဖြစ်တဲ့ Equinix တို့နှင့် ချိတ်ဆက် မှုတိုးမြှင့် လိုက်ပြီဖြစ်ပါသည်။

ဤကဲ့သို့ ချိတ်ဆက်လိုက်မှုများ‌ကြောင့် Content Distribution နှင့် Consumer Behavior ပြောင်းလဲမှုများအတွက် Best in class cloud streaming နှင့် Gamine user experience များပိုမို ကောင်းမွန်လာပြီး Cloud Gaming Pro များ၏ အဓိကလိုအပ်ချက်ဖြစ်သော latency နည်းခြင်း၊ High-resolution screen အသုံးပြုကာ ဂိမ်းကစားနိုင်ခြင်း၊ လိုင်းတည်ငြိမ်ခြင်း၊ High quality game များကို ဘယ်လို device မျိုးမှာမဆိုချက်ချင်းဆိုသလို ကစားနိုင်ခြင်း အစရှိတာတွေကို ရရှိ သွားမှာဖြစ်ပါတယ်။

5BB Broadband ၏ Chief Technology Officer ဦးစောရွှေစင်သစ်စိမ်း ကလည်း “Gaming Pro များအနေနဲ့ ပုံမှန်အကြမ်းဖျင်း လိုအပ်ချက်က latency ၄၀ မီလီစက္ကန့် ဖြစ်ပါတယ်။ 5BB Broadband အနေနှင့် အခုလိုမျိုး Equinix နဲ့ တိုက်ရိုက်ချိတ်ဆက်လိုက်မှု​ကြောင့် Dota-2 Latency ကို 75 မီလီစက္ကန့် ကနေ 38 မီလီစက္ကန့်၊ Mobile Legend ကို 76 မီလီစက္ကန့် ကနေ 10 မီလီစက္ကန့် အထိလျော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ Gaming Pro တွေအနေနဲ့ Game lagging မဖြစ်တော့တဲ့ အပြင် Ultra HD Setting ကိုပါရရှိနိုင်တော့မှာပါ ” ဟု ပြောကြားပါသည်။

5BB Broadband Chief Commercial Officer ဦးမျိုးမြင့်ညွန့် က “5BB အနေနဲ့ Connectivtiy, Data Center နှင့် Fiber Optic လုပ်ငန်းဆောင်တာများနှင့်ပတ်သက်သည့် အခါ ကျွမ်းကျင်သော network engineerများနှင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေတဲ့အပြင်အဆက်မပြတ်ကြိုးစား ဝန်ဆောင်မှု ပေးနေ တာပဲဖြစ်ပါတယ်။ အခုလိုမျိုး တိုးမြှင့်ချိတ်ဆက်လိုက်မှုမှာတော့ မြန်မာ့ လူငယ် Gaming Athletes တွေအနေနဲ့ အနာဂတ်ပြိုင်ပွဲ တွေသွားရောက် ယှဉ်ပြိုင်နိုင်တဲ့ အထိပေါ်ထွန်းစေဖို့ 5BB Broadband ရဲ့ ကြိုးစားအားထုတ်မှု တစ်ရပ်အဖြစ် ရည်ရွယ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

5BB Broadband အကြောင်း

5BB Broadband ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၊ အင်တာနက်ဖိုင်ဘာ နှင့် 4G/LTE နည်းပညာ ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် အကြီးဆုံး FTTH (Fiber to the home) ဝန်ဆောင်မှုကို နိုင်ငံတစ်ဝှမ်းရှိ (၁.၂)သန်းသော အိမ်ထောင်စုများမှ (၆)သန်းသော သုံးစွဲသူများထံသို့ အရောက်ပို့ပေးလျက်ရှိပါသည်။ ယုံကြည်စိတ်ချရပြီး၊ လိုင်းအတက်အကျ အနည်း ဆုံးနဲ့၊ အမြန်ဆုံးဝန်ဆောင်မှုမျိုးဖြစ်ပြီး ရန်ကုန် ၊ မန္တလေး ၊ ပဲခူး ၊ ပြည် ၊ မော်လမြိုင် အစရှိသော စီးပွားရေး အချက်အချာကျသည့် မြို့ကြီးများ၌ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ 4G/LTE ကွန်ယက် သည် မော်လမြိုင် ၊ ပဲခူး ၊ ပြည် ၊ ဘားအံ နှင့် မကွေး စသော မြို့များ၌ အသုံးပြုနိုင်ပြီး အိမ်ထောင်စု (၅) သန်း မှ လူဦးရေ စုစုပေါင်း (၂၅) သန်း ကို ဝန်ဆောင်မှုပေးနေပါသည်။
5BB Broadband သည် မြန်မာနိုင်ငံစျေးကွက်ကို ဦးဆောင်နေသည့် Broadband ဝန်ဆောင်မှုဖြစ်သည့် အားလျော်စွာ၊ ပြည်တွင်းရှိ စီးပွားရေးအချက်အချာကျသော မြို့အသီးသီး၌ သတင်းအချက်အလက် ကွန်ယက်များနှင့် အင်တာနက် အခြေခံအဆောက်အဦများကိုလည်း အခိုင်အမာ ဖြန့်ကျက် တည်ဆောက် ထားပြီးဖြစ်သည်။ ထိုမျှမက ပြည်ပနိုင်ငံ (၄) နိုင်ငံ ၌လည်း ရုံးခွဲပေါင်း (၁၁) ရုံး ဖွင့်လှစ်ထားပြီးဖြစ်သည်။ 5BB ၏ ထူးခြားသော အားသာချက်များဖြစ်သည့် ပြည်တွင်းရှိ ဒေသအသီးသီး၌ သုံးစွဲသူများအတွက် လျင်မြန်လွယ်ကူစေရန် ဖွင့်လှစ်ပေးထားသည့် ဌာနပေါင်းများစွာ နှင့် ငွေကြေးပေးဆောင်ရန် နည်းစနစ်များစွာတို့ကို အသုံးပြု၍ မိမိတို့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ဝန်ဆောင်မှု လုပ်ငန်း၏ တန်ဖိုးနှင့် အရည်အသွေးကို မြှင့်တင် ပေးနိုင်မည့် အခွင့်အလမ်းကောင်းများကို ဖန်တီးဆုပ်ကိုင်နိုင်ရုံ သာမက ၊ သုံးစွဲသူများအတွက်လည်း ထူးခြားသော အတွေ့အကြုံသစ်များကို ပေးစွမ်းသွားနိုင်မည်ဖြစ်သည်။

CONTACT INFORMATION

Name :  

Myo Myint Nyunt

Title :  

Chief Commercial Officer

Company : 

Global Technology Company Limited

Email :  

myomyintnyunt@5bb.com.mm