News - GlobalNetZoom

Global Technology Company (Global Net) သည် Zoom နှင့်အတူ တရားဝင်မိတ်ဖက်များအဖြစ် လက်တွဲ၍ မြန်မာနိုင်ငံအတွက် ပြီးပြည့်စုံသော ဆက်သွယ်ရေးဝန်ဆောင်မှုကို ဖော်ဆောင်သွားမည်


Video-First Unified Communications တွင် ထိပ်တန်းနေရာကိုရရှိထားသော Zoom Video Communications, INCနှင့် နိုင်ငံ့ဦးဆောင်နည်းပညာထုတ်လုပ်မှုလုပ်ငန်းဖြစ်သော Global Technology Company (GlobalNet) တို့ပူးပေါင်းကာ COVID 19 ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်နေစဉ်ကာလအတွင်း စီးပွားရေးလုပ်ငန်းများ၊ မြန်မာ့ပညာရေး ကဏ္ဍစုံ အတွက် ခေတ်မီ ဗီဒီယိုဆက်သွယ်ရေးပလက်ဖောင်းနှင့်ဆက်သွယ်ခြင်းကို အလျင်အမြန် နေသားတကျ ဖြစ်လာ စေရန် ကူညီပံ့ပိုးပေးမည်။


GlobalNet Zoom Press Photo


ရန်ကုန်၊ မြန်မာ၊ အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၀ခုနှစ်။ ။ Global Technology Company (GlobalNet) နိုင်ငံ့ဦးဆောင်နည်းပညာဝန်ဆောင်မှုလုပ်ငန်းနှင့် Zoom Video Communications, Inc ၏ Zoom (NASDAQ:ZM) Full suite of solutions တို့သည် ယနေ့တွင် ပထမဦးဆုံးအကြိမ် လက်တွဲခဲ့ကြသည်။ Zoom နှင့် ပူးပေါင်းမှုအသစ်သည် နည်းပညာပိုင်းတွင် ဦးဆောင်နေသော Zoom ၏ product suite အလုံးစုံကို မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ဝင်ရောက်လာစေသောပထမဆုံးအခွင့်အလမ်းဖြစ်သည်။ ဤအစီအစဉ်မှတဆင့် Global Technology ၏ မိတ်ဖက် များ သည် Zoom ၏ video- first unified communications solutions အပါအဝင် Zoom Meetings, Zoom Rooms နှင့် Zoom Webinars တို့အတွက်ပါ access ရရှိနေပြီဖြစ်သည်။


GlobalNet Zoom Press 2 Photo


မြန်မာနိုင်ငံ၏ ဈေးကွက်ဦးဆောင်သူဖြစ်သည့်အလျောက် ကျွန်ုပ်တို့၏ ပြည့်စုံသော ICT ဝန်ဆောင်မှု များကို မြန်မာတစ်ပြည်လုံး၏ စီးပွားရေးအချက်ကျသော မြို့များ၊ ဈေးကွက်များအထိ ဖြန့်ကြက်ထားသော ကျယ်ပြန့်သည့် ဒေတာကွန်ရက် ကလည်း အထောက်အကူပေးထားသည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်း နိုင်ငံ ၄ နိုင်ငံကျော်တွင် ရုံးခွဲ (၁၁) ခုရှိပါသည်။ အုပ်စု၏ ဒေသတွင်း အဆက်အသွယ်များ ၊ ငွေပေးချေမှုစနစ်များ၊ သုံးစွဲသူများနှင့် မျိုးစုံထိတွေ့ဆက်နွှယ်နေမှု စ‌သည့် ထူးခြားသော အရည်အသွေးများကို အသုံးချ၍ သုံးစွဲသူများအနေဖြင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများမှတစ်ဆင့် ဆန်းသစ်ပြီး အံ့သြဖွယ်ရာ ကောင်းသော အတွေ့အကြုံများကို ရှာဖွေတွေ့ရှိနိုင်ရန်ကူညီပေးခြင်းဖြင့် စီးပွားရေး၏ အခွင့်အလမ်းများဖန်တီးရှာဖွေရန် ရည်ရွယ်ပါသည်။ အမျိုးအစားစုံလင်သော ဝန်ဆောင်မှုစာရင်းတွင် Zoom ကို ထည့်သွင်းလိုက်ခြင်းဖြင့် Company သည် ပြည့်စုံသော ဆက်သွယ်မှုဖြေရှင်းချက်ကို သုံးစွဲသူများဆီသို့ Cloud, connectivity, end points သို့မဟုတ် device များနှင့် ဝန်ဆောင်မှုပေးနိုင်တော့မည်ဖြစ်သည်။

“Zoom သည် မြန်မာနိုင်ငံအတွက် လုံးဝမရှိမဖြစ်လိုအပ်သော အရေးပါသည့်ခေတ်မီဆက်သွယ်ရေး ပလက်ဖောင်း ဖြစ်သည်။ ဗီဒီယိုဆက်သွယ်ရေးဈေးကွက်တွင် ဦးဆောင်နေသည့် Zoom နှင့် ယခုလက်ရှိ ကျွန်ုပ်တို့လုပ်ငန်းစု နှင့် ပူးပေါင်းမှု အတွက် အလွန်စိတ်လှုပ်ရှားနေကြသည်။” ဟု Global Technology Group ၏ Co-Founder နှင့် Chairman ဖြစ်သူ ဦးရှိန်းသူအောင်က ပြောကြားခဲ့သည်။ ဆက်လက်၍ “ဒီအခွင့်အလမ်းက မြန်မာစီးပွားရေးလုပ်ငန်းများ၊ အစိုးရအေဂျင်စီ များနှင့် စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် ကောလိပ်များစသည့် ပညာရေး ကဏ္ဍသစ်များ ဖွင့်လှစ်ရန်နှင့် ယခင်က သူတို့ရယူခွင့်မရခဲ့သည့်အခွင့်အလမ်းအသစ်များကို ရှာဖွေရန်ခွင့်ပြု လိမ့်မည် ယနေ့တွေ့ကြုံနေရ သော စီးပွားရေး စိန်ခေါ်မှု အခြေအနေများတွင် video communication ထက် ပို၍သင့်တော် မည့် ဆက်သွယ်ရေးစနစ် မရှိနိုင်ပါ” ဟု ထပ်မံ ပြောကြား ခဲ့သည်။

"ကျွန်ုပ်တို့ GlobalNet က Zoom နဲ့အတူ Unified Communication မှာ ဦးဆောင်အဖွဲ့အစည်းအဖြစ် တည်ရှိစေခဲ့ပြီး ကျွန်ုပ်တို့ရဲ့ ဆုတံဆိပ်ရနည်းပညာနဲ့နှစ်ပေါင်း ၂၀ အတွေ့အကြုံများမှတစ်ဆင့် ကျွန်ုပ်တို့ရဲ့ သုံးစွဲသူတွေပိုပြီး အဆင်ပြေ စေရန်အတွက် ကူညီနိုင်တော့မည် ။" ဟု Global Technology Group ၏ Co-Founder နှင့် Managing Director ဖြစ်သည့် ဦးမင်းဆွေလှိုင်မှ ပြောကြားခဲ့သည်။ "Zoom က Microsoft Teams နဲ့ခိုင်မာတဲ့ပေါင်းစပ်မှုရှိတဲ့အတွက် ကျွန်ုပ်တို့ GlobalNet က ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ပေးနိုင်ပါတယ်။ GlobalNet သည် Zoom နဲ့အတူတူ သုံးစွဲသူတွေ ပိုများလာအောင် ကျွန်ုပ်တို့ ဘယ်လိုချိတ်ဆက်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းလုပ်ထားပါတယ်။" ဟု ထပ်မံပြောကြား ခဲ့ပါသည်။

"ကျွန်ုပ်တို့က သုံးစွဲသူတွေအတွက် အကောင်းဆုံးလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရမယ်လို့ ကတိပေးထား တဲ့အတွက် ကြောင့် ကျွန်ုပ်တို့သုံးစွဲသူများကို ယခု UCaaS ပလက်ဖောင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီဆိုတဲ့အတွက် ကျွန်ုပ်တို့ ဝမ်းသာ ရပါတယ်။ ပေါင်းစည်းထားသောဆက်သွယ်ရေးများ ဝယ်လိုအားတိုးပွားလာသည်နဲ့အမျှ တစ်နိုင်ငံလုံး မှာရှိတဲ့ သုံးစွဲသူတွေက ကျွန်ုပ်တို့ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Zoom ကို ဈေးနှုန်းချိုသာစွာဖြင့် ဈေးကွက်မှာ ဝယ်ယူရရှိနိုင်ပါပြီ။" လို့ Global Technology Group ရဲ့ Co-Founder နဲ့Chief Executive Officer ဖြစ်သူ ဦးသိန်းသန်းတိုးမှ ပြောကြားခဲ့သည်။ ကျွန်ုပ်တို့က နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ ပူးပေါင်းမှုတွေနဲ့မြန်မာနိုင်ငံအတွက် တိုးတက်မှု အခွင့်အလမ်း များစွာကို မျှော်လင့်နေပါသည်။

GlobalNet Zoom Press 3 Photo


Global Technology Group အကြောင်း
Global Technology Group သည် ဆက်သွယ်ရေးကဏ္ဍ၏ Telecom, Media, Technology (TMT) အစရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ၂၀၀၀ ခုနှစ်မှစတင်၍ နည်းပညာအဖွဲ့အစည်း အဖြစ်စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ အင်တာနက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ၏ Market Leader အဖြစ် Broadband Internet နှင့် Telecommunications Infrastructure , Digital Infrastructure လုပ်ငန်းများအားဆောင်ရွက်၍ ဝန်ဆောင်မှု ပေးလျက် ရှိပါသည်။ အစိုးရ နှင့် စီးပွားရေးလုပ်ငန်းများသို့ ICT နည်းပညာများဖြစ်သည့် မိုဘိုင်းအသံနှင့်ဒေတာဆိုင်ရာ Infrastructure များ၊ Cloud Computing ဝန်ဆောင်မှုများ၊ အိုင်တီဝန်ဆောင်မှုများနှင့် နည်းပညာအကြံပေးခြင်း လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ Digital Era တွင် ရှေ့တန်းရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် စျေးကွက်ဦးဆောင်သူတစ်ဦးအနေဖြင့် Global Technology Group ၏ ကျယ်ပြန့်သော ဒေတာကွန်ယက်များနှင့် Infrastructure များသည် မြန်မာနိုင်ငံအတွင်းရှိ အဓိကစီးပွားရေး မြို့ကြီးများ၏ ကျောထောက် နောက်ခံအဖြစ် အထောက်အကူပြုလျက်ရှိပါသည်။ Media ကဏ္ဍတွင်လည်း မြန်မာနိုင်ငံရှိ ရုပ်သံလိုင်းများ ကွန်ယက် တည်ဆောင်ခြင်းနှင့် အရည်အသွေးမြှင့်တင်ခြင်းလုပ်ငန်းများအား ဦးဆောင်ကုမ္ပဏီတစ်ခုအနေဖြင့် ဆောင်ရွက်ခဲ့ ပါသည်။ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ဆောင်မှုပိုင်းတွင် ခေတ်မီနည်းပညာများကို မြန်မာနိုင်ငံသို့ ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ဆက်သွယ်ရေးနည်းပညာသမိုင်းတွင် ကမ္ဘာအနှံ့ရှိ နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီများနှင့် နည်းပညာပိုင်းဆိုင်ရာဝန်ဆောင်မှုများကို ပထမဆုံး ချိတ်ဆက်ဝန်ဆောင်မှု ပေးနိုင်ခဲ့သော တစ်ခုတည်းသော မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။



Zoom အကြောင်း
Zoom Video Communications, Inc (NASDAQ: ZM) သည် ဗီဒီယိုပတ်ဝန်းကျင်အဖြစ် အသင်းအဖွဲ့များကို အတူတကွပေါင်းစပ်ပြီး အလုပ်ပိုမိုပြီးမြောက်ရန်အတွက် ရည်ရွယ်သည်။ လွယ်ကူပြီးယုံကြည်စိတ်ချရသည့် ဆန်းသစ် သောဗွီဒီယိုပထမ ဦး ဆုံးပေါင်းစည်းထားသော ဆက်သွယ်ရေးပလက်ဖောင်းသည် ဗွီဒီယိုအစည်းအဝေးများ၊ အသံများ၊ ဝဘ်ဆိုက်များနှင့်စားပွဲတင်ကွန်ပျူတာများ၊ ဖုန်းများ နှင့် အစည်းအဝေးခန်းမအသွင် ဖြည့်ဆည်းပေးသည်။ Zoom သည် စီးပွားရေးလုပ်ငန်းများကို ဦးစားပေး စီးပွားရေးအသွင်အပြင်များနှင့် ဦးဆောင်နေသည့် လုပ်ငန်းသုံး အက်ပလီကေးရှင်း များနှင့် developer tools များဖြင့် မြင့်မားသော အတွေ့အကြုံများကို ဖန်တီးရန်ကူညီသည်။ Zoom ကို ၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ San Jose တွင် ရုံးချုပ်ဖွင့်လှစ်ထားပြီး ကမ္ဘာအနှံ့ အပြားတွင် ရုံးများရှိသည်။ zoom.com သို့ သွား၍ @zoom_us မှာလည်း ဝင်ရောက်လေ့လာနိုင်ပါသည်။


Global Technology Company (GlobalNet) is now an official partner of Zoom to offer unified communications as a service for Myanmar


Industry-leading technology provider Global Technology Company (GlobalNet) teams up with video-first unified communications leader Zoom Video Communications, Inc. to support Business enterprises and Myanmar Educational Sector to swiftly adopt modern video communications platform in fighting the epidemic


GlobalNet Zoom Press Photo


YANGON, Myanmar, 19th October 2020 - Global Technology Company (GlobalNet) the nation’s leading provider of technology services, today makes available the full suite of solutions from Zoom Video Communications, Inc. (NASDAQ:ZM). This marks the first time Zoom’s entire industry-leading product suite has been made available to the Myanmar market. Through this new relationship, Global Technology partners now have access to Zoom’s video-first unified communications solutions, including Zoom Phone, Zoom Meetings, Zoom Rooms, and Zoom Webinars.


GlobalNet Zoom Press 2 Photo


As a market leader in Myanmar, Global Tech’s suite of ICT solutions is backed up by an extensive data network and infrastructure that spans across key business cities, markets in Myanmar and also have 11 offices in over 4 countries worldwide. Using the Group’s unique assets such as the scale of its regional customer base, payment mechanisms, extensive customer touch points, it aims to create and seize opportunities that add value to the offerings of the core business, while helping customers discover new and amazing experiences through digital services. By adding Zoom to its diverse portfolio, the company will be able to offer a total communications solution to its customers – be it cloud, connectivity, end points or devices.

“Zoom is the most needed and essential modern communications platform for Myanmar. We are very excited for this partnership with Zoom, a market leader in video communications, now top of our product family,” said Shane Thu Aung Co-Founder and Chairman of the Company. “This opportunity will allow Myanmar Businesses, Government Agencies and Educational sectors such as schools, universities and colleges to open new doors and discover new opportunities they previously didn’t have access to. There is nothing more relevant in telecommunications than video communications with all the challenges that are facing today’s economy.”

“GlobalNet strengthens its position as Leader in Unified Communications with Zoom and empowers to deliver more value to our customers through our award-winning technology and our 20 years unparallel experience,” said Min Swe Hlaing, Co-Founder and Managing Director at Global Technology Group. “With the addition of Zoom, GlobalNet can provide streamlined, best-of-breed meeting experiences. Together, GlobalNet and Zoom are simplifying how we connect so our customers can win big.”

“We are thrilled to announce that we can now deliver Zoom’s powerful and popular UCaaS platform as we always promise to provide the best for our customers. As the demand for unified communications grows, all our enterprises and customers from all across the country now have access to Zoom’s affordable, highly scalable, enterprise-grade, video-first solutions,” said Thein Than Toe, Co-Founder and Chief Executive Officer of the Global Technology Group. “We look forward to numerous growth opportunities ahead for Myanmar.”

GlobalNet Zoom Press 3 Photo


About Global Technology Company
Global Technology Company (GlobalNet) is a leading player in Myanmar’s telecommunications, media and technology industry founded in 2002. Global Technology is at the core of Myanmar’s TMT ecosystem and will continue to remain a strong player in the future, given its strong infrastructure Backbone. Global Technology clear vision as a digital leader in Myanmar, the growth is underpinned by a rapidly developing TMT sector, a full suite of operating licenses and a well-experienced management team led by visionary co-founders that have played a pivotal role in advancing the technology industry with more than 20 years of TMT and ICT industry experience, supported by a skilled executive team, with an average tenure of over 20 years .



About Zoom
Zoom Video Communications, Inc. (NASDAQ: ZM) brings teams together to get more done in a frictionless video environment. Our easy, reliable, and innovative video-first unified communications platform provides video meetings, voice, webinars, and chat across desktops, phones, mobile devices, and conference room systems. Zoom helps enterprises create elevated experiences with leading business app integrations and developer tools to create customized workflows. Founded in 2011, Zoom is headquartered in San Jose, California, with offices around the world. Visit zoom.com and follow @zoom_us.