News - Higher Ranking

5BB Broadband ၏ အင်တာနက်အမြန်ဆုံးဆုနှင့်အတူ မြန်မာ့အင်တာနက်မြန်နှုန်း ကမ္ဘာ့အဆင့်သုံးဆင့် မြှင့်တက်


MYANMAR'S INTERNET performance ranking jump up 3 spots to 118th out of 174 on Global Internet Performance Index


User Icon Photo


ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ခုနှစ်။ မြန်မာနိုင်ငံအတွက် ကမ္ဘာ့အင်တနက်မြန်နှုန်း နိုင်ငံများစာရင်းတွင် အဆင့် သုံးဆင့် မြှင့်တက်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ယခင် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကမ္ဘာ့အင်တာနက်အဆင့် သတ်မှတ်ချက်မှာ အဆင့် ၁၂၁ ဆင့် (121th) ရှိပြီး ယခု ၂၀၂၀ ခုနှစ်တွင် 5BB Broadband ၏ အမြန်ဆုံးဆုတံဆိပ်နှင့်အတူ အဆင့် ၁၁၈ ဆင့် (118th) သို့ မြှင့်တက်လာခဲ့ခြင်းဖြစ်ပါ သည်။

ယခုလို မြန်မာနိုင်ငံအတွက် ပိုမိုမြင့်မားသော ကမ္ဘာ့အဆင့်အင်တာနက်မြန်နှုန်းသတ်မှတ်မှုများ တိုးတက်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့မှုအပေါ် 5BB Broadband မှ မြန်မာနိုင်ငံအတွက် အထူးဝမ်းမြောက်မိပါကြောင်းနှင့် ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ အင်တာနက်ဆက်သွယ်ရေးကဏ္ဍမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ကိုလည်း ဖော်ပြအပ်ပါသည်။

၂၀၂၀ ခုနှစ် ဇူလိုင်လကုန်အထိ ကမ္ဘာ့အင်တာနက်အမြန်ဆုံးနိုင်ငံမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး Download Speed 213.18 Mbps တွင် ကမ္ဘာ့ပျမ်းမျှအင်တာနက်မှာ Download Speed 81.46 Mbps ဖြစ်ပြီး၊ မြန်မာ့အင်တာနက် Download Speed မှာ 57.97 Mpbs ဖြစ်ကြောင်းတွေ့ရှိရပါသည်။

Upload Speed တွင် စင်္ကာပူနိုင်ငံအနေဖြင့် 220.46 Mbps ကမ္ဘာ့ပျမ်းမျှအနေဖြင့် 42.63 Mpbs နှင့် မြန်မာ့အင်တာနက်မှာ 43.61 Mbps ဖြစ်ကြောင်းတွေ့ရှိရပါသည်။

စင်္ကာပူနိုင်ငံ၏ latency မှာ 13 ms ဖြစ်ပြီ:၊ ကမ္ဘာ့ပျမ်းမျှ မှာ 22 ms ဖြစ်ပြီး၊ မြန်မာ့အင်တာနက် latency မှာ 10 ms ဖြစ်ကြောင်း တွေ့ရှိရပါသည်။

SpeedtestAward Photo

GlobalSpeedJuly2020 Photo

SingaporeJuly2020 Photo

"ဒီ မြန်မာ့အမြန်ဆန်ဆုံး ISP Network ဆုဟာ ကျွန်တော်တို့ 5BB Broadband (Global Technology) ရဲ့ ပိုမိုကျယ်ပြန့်ပြီး မြန်ဆန်တဲ့ အမြန်နှုန်းကတစ်ဆင့် အနာဂတ်မှာ အမြန်ဆုံးနှုန်းကို ဝန်ဆောင်မှုပေးနိုင်ဖို့ ရင်းနှီးမြှပ်နှံမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ပိုပြီးအုတ်မြစ်ခိုင်မာစေပါတယ်။ ကျွန်တော်တို့ ကွန်ရက်ဟာ အသုံးပြုသူကွန်ရက်နဲ့ စီးပွားရေး အင်တာနက် အသုံးပြုသူတွေ အတွက်အကောင်းဆုံး သာမက ကျွန်တော်တို့တစ်နိုင်ငံလုံးရဲ့ အဓိကဆက်သွယ်ရေး ကွန်ရက်ဖြစ်တဲ့ 4GLTE နှင့် ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်း ကွန်ရက်များအတွက်ပါ နောက်ဘက်မှ မားမားမတ်မတ် ရပ်တည်ကာ အကောင်းမွန်ဆုံး ကွန်ရက်တစ်ခုအဖြစ် ပံ့ပိုးပေးနေပါတယ်။ ကျွန်တော်တို့ဟာ အိမ်သုံးအင်တာနက်နဲ့ စီးပွားရေးလုပ်ငန်းသုံး အင်တာနက် နှစ်ခုလုံးအတွက် သီးသန့် ၁၀၀% fiber optics များကို ပေးစွမ်းနိုင်တဲ့ ဈေးကွက်၏ ရှေ့ဆောင် လမ်းပြတွေဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် ဒီကပ်ရောဂါကာလအတွင်း 5BB Network ပေါ်မှ work from home, remote learning အစရှိတဲ့ လုပ်ငန်းများ လုပ်ကိုင်နေကြတဲ့ မြန်မာပြည်သူများအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေ၊ တစ်ဦးနှင့်တစ်ဦး အစဉ်အမြဲချိတ်ဆက်နိုင်မယ့် အကောင်းဆုံးကွန်ယက်အာမခံချက်ကို ဒီအောင်မြင်မှုနဲ့အတူ ကျွန်တော်တို့ဟာ အကောင်းဆုံး အင်တာနက်အရည်အသွေးနဲ့ အမြန်နှုန်းစွမ်းဆောင်ရည်ကိုသက်သေပြခဲ့ပါပြီ။ Global Ranking မှာ အဆင့် ၃ ဆင့်တိုးနိုင်ခဲ့ပြီး ကျွန်တော်တို့ မြန်မာပညာရှင်များဟာ တကယ်လုပ်ရင်တကယ်ဖြစ်တယ်ဆိုတာ သက်သေထူနိုင်ခဲ့တဲ့အတွက် အထူးဝမ်းသာဂုဏ်ယူမိပါတယ်။” ဟု Global Technology Group ၏ chairman နှင့် co-founder ဖြစ်သူ ဦးရှိန်းသူအောင်က ပြောကြားသည်။

“မြန်မာနိုင်ငံ Broadband ဝန်ဆောင်မှုလုပ်ငန်းတွေကို ပထမဦးဆုံးအကြိမ်အဖြစ် end-to-end ကွန်ရက် အရည်အသွေး စမ်းသပ်တာဖြစ်ပြီး အသိအမှတ်ပြုခံရလို့ အရမ်းကျေနပ်အားရမိပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ မတူညီတဲ့ သုံးစွဲသူတွေ အတွက် အကောင်းဆုံး အသုံးပြုမှုအတွေ့အကြုံတွေ ပေးချင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီပါတယ်။ ကျွန်တော်တို့သည် သုံးစွဲသူအတွေ့အကြုံများကို အခြေခံ၍ မတူကွဲပြားတဲ့ အရည်အသွေးမှီ ဝန်ဆောင်မှုများအား မြှင့်တင်ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သလို၊ မြန်မာနိုင်ငံ၏အင်တာနက် Eco စနစ်အတွက် စျေးကွက်တွင်ရှိနေသော နှုန်းထားထက် အဆ ၃၀ စျေးနှုန်းလျှော့ချပြီး အများသုံးစွဲတတ်နိုင်မယ့် စျေးနှုန်းများအား ဖော်ဆောင် ပေးခဲ့တဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကွန်ရက်တွေ ဆက်လက် တည်ဆောက်ဖို့နဲ့ တိုးချဲ့ဖို့ကို စိတ်ပိုင်းဖြတ်ထားတဲ့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံ အုတ်မြစ်ခိုင်မာတဲ့ နည်းပညာတွေအပြင် ယုံကြည်စိတ်ချရမှု၊ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေ ထက်သာလွန်တဲ့ အမြန်နှုန်း နဲ့ဝန်ဆောင်မှုတွေကို ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ ကမ္ဘာ့အင်တာနက်မြန်နှုန်းအဆင့် ကို မနှစ်ကထက် သုံးဆင့်တိတိ မြှင့်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု Global Technology Group မှ CEO and Co-Founder ဖြစ်သော ဦးသိန်းသန်းတိုးကပြောကြားသည်။

"အရင်ကမကြုံတွေ့ဖူးတဲ့ အခြေအနေတွေကြုံလာရချိန်မှာ မြန်မာအိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ အင်တာနက်ကွန်ရက်တွေပေါ်မှာ အလွန်မှီခိုနေရပါတယ်။ အဝေးမှ အလုပ်လုပ်ခြင်းနဲ့သင်ယူခြင်း၊ မိမိတို့ ချစ်မြတ်နိုးရသူများ နှင့်ဆက်သွယ်ခြင်း ဒါမှမဟုတ် အရေးကြီးတဲ့သတင်း အချက်အလက်များကိုရယူခြင်းအထိ မြန်မာပြည်သူတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအရင်းအမြစ်များနဲ့ အဆက်မပြတ် ဆက်သွယ်မှုပေးသော ကုမ္ပဏီအဖြစ်အသိအမှတ်ပြုခံရတာကို ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူပါတယ်။ မြန်မာ့အင်တာနက် ranking ကိုလည်း ကမ္ဘာ့ အဆင့် သုံးဆင့်ထိတိုးမြှင့်အောင် ပြုလုပ်ပေးနိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်"ဟု Global Technology Group ၏ Managing Director နှင့် Co-Founder ဖြစ်သော ဦးမင်းဆွေလှိုင်က ပြောကြားခဲ့ပါသည်။

ခေတ်မီနည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွင် Global Technology Group သည် ၂၀၀၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အင်တာနက် ၀န်ဆောင်မှုများ အတွက်အရှိန်အဟုန်မြင့်စွာစတင်ခဲ့သည်။ ဒီဂျစ်တယ် ဆက်သွယ်မှုကို တိုးမြှင့်ခြင်း အားဖြင့်မြန်မာပြည်သူတို့၏ဘဝကိုစဉ်ဆက်မပြတ်ကူညီပေးလျက်ရှိသည်။


ကုမ္ပဏီအုပ်စု နှင့် ပတ်သက်သည်များကို ပိုမိုစုံစမ်းသိရှိနိုင်ရန် -

For more information on the Group:
For more information on IT & Telecom service:
For more information on FTTx services:
For more information on speed test:

Global Technology Group အကြောင်း
5BB Broadband ၏ မိခင်ကုမ္ပဏီဖြစ်သည့် Global Technology Company သည် ၂၀၀၂ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး၊ မီဒီယာနှင့် နည်းပညာနယ်ပယ်တွင် ဦးဆောင်နေသူဖြစ်သည်။
Global Technology သည် မြန်မာနိုင်ငံ၏ Telecom, Media and Technology ဂေဟစနစ်၏ အဓိကအချက်အချာကျပြီး အခြေခံအဆောက်အဦ၏ ကျောရိုးဖြစ်သောကြောင့် အနာဂတ်တွင် အားကောင်းသော ကစားသမားအဖြစ် ဆက်လက်တည်ရှိနေဦးမည်။
Global Technology သည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ပြီး လျင်မြန်စွာဖွံ့ဖြိုးဆဲ TMT ကဏ္ဍ၊ လုပ်ငန်းလည်ပတ်ခွင့်လိုင်စင်မျိုးစုံ နှင့် ICT လုပ်ငန်းများတွင် လုပ်သက် နှစ် ၂၀ ကျော်ရှိပြီး နည်းပညာနယ်ပယ်ကို ဖွံ့ဖြိုးစေရန် အရေးပါသော အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ခဲ့သော အ‌မြော်အမြင်ကြီးသည့် ပူးတွဲတည်ထောင်သူများဦးဆောင်သည့် ဝါရင့်စီမံခန့်ခွဲသူအဖွဲ့၊ ပျမ်းမျှလုပ်သက် နှစ် ၂၀ ကျော်ရှိသော အရည်အချင်းရှိ အလုပ်အမှုဆောင်အဖွဲ့တို့၏ အားပေးပံ့ပိုးမှုတို့ကြောင့် အရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးလျက်ရှိသည်။


A giant leap for speed - Myanmar's Fastest ISP Network 2020 Award winner 5BB Broadband lift up Myanmar to be higher ranking in Global Index


MYANMAR'S INTERNET performance ranking jump up 3 spots to 118th out of 174 on Global Internet Performance Index


User Icon Photo


Yangon, Myanmar, September 1, 2020 - Announcement for Myanmar’s leap of internet speed ranking up to three levels in Global Index.

Previously, in 2019, Myanmar’s position in internet speed ranking was 121th in the Global Index, however, it is jumped to 118th position during 2020 as an outcome of 5BB Broadband’s achievement of the Fastest ISP Network 2020 Award. 5BB expressed their profound enjoyment and also their gratitude towards the authorities concerned from internet and telecommunication sector with regard to Myanmar’s achievement in upgrading its position in the Global Index.

Until the end of July 2020, Singapore has been in highest position in the Global Index of internet speed ranking with its download speed 213.18 Mbps, being the fastest of all, where the global average download speed is 81.46 Mbps and that of Myanmar is 57.97 Mbps. Concerning the upload speed, Singapore’s speed is 220.46 Mbps while global average speed is 42.63 Mbps and that of Myanmar is 43.61 Mbps. As of latency, Singapore’s rate is 13ms while global average rate is 22ms and Myanmar’s rate is 10 ms.

SpeedtestAward Photo

GlobalSpeedJuly2020 Photo

SingaporeJuly2020 Photo

Mr. Shane Thu Aung, Chairman and Co-Founder of Global Technology Group said that “this Myanmar’s fastest ISP Network award cemented our 5BB Broadband (Global Technology) commitment of investment substantially in our network through expansion and upgrades to provide the fastest broadband speeds and to deliver even faster speeds in the future.

Our resilience network is best for consumer and business internet users but also our nationwide coverage networks are serving major backbone of most of the Myanmar’ major critical infrastructure including 4GLTE and financial and banking network. We are pioneer of the market to provide 100% pure fiber optics to both home internet and business internet. Especially during this pandemic time, this achievement also prove that Myanmar people are increasingly relied on our 5BB network to work with learn remotely and stay connected to loved ones and vital information.

We are very proud to be able to raise up three levels in global ranking and this proves that Myanmar’s IT experts are endowed with skills to materialize our dreams.”

“This is the very first time that end to end network quality among Myanmar broadband service providers is being measured, and we are extremely pleased with this recognition, as it reflects our commitment towards delivering the best experiences for our diverse customers nationwide. We are pioneer to scale up the value proposition to differentiate user experiences and we are leader in affordability by cutting down thirty times from the market price which create enormous value to the Myanmar internet eco system. We are determined to continue building and expanding our networks, with our solid infrastructure as the vital foundation to provide end to end reliability, far ahead of our competitors in speed, coverage and service. I’m very proud that we can raise our position by three ranks higher in Global Index of internet speed compared to last year’s position” explained U Thein Than Toe, CEO and Co-Founder of Global Technology Group.

“During these unprecedented times, Myanmar households and businesses are significantly reliant on their internet networks. From working and learning remotely, to staying connected to their loved ones or accessing up to date vital information, we are proud to be recognized as a company who empowers and enables Myanmar people to be continuously connected to economic, educational, health and social resources when it matters the most. I’m really glad that Myanmar’s internet speed ranking has been upgraded three levels higher than before.”, said U Min Swe Hlaing, Managing Director and Co-Founder of Global Technology Group.

At the cutting-edge of technology and innovation, Global Technology Group has been since 2002 setting the pace for internet services in Myanmar, continuously helping enrich the lives of Myanmar people through enhanced digital connectivity.


For more information on the Group:
For more information on IT & Telecom service:
For more information on FTTx services:
For more information on speed test:

About the Global Technology Group Limited
5BB Broadband (Global Technology Company) is a leading player in Myanmar’s telecommunications, media and technology industry founded in 2002.
Global Technology is at the core of Myanmar’s TMT ecosystem and will continue to remain a strong player in the future, given its strong infrastructure Backbone.
Global Technology clear vision as a digital leader in Myanmar, the growth is underpinned by a rapidly developing TMT sector, a full suite of operating licenses and a well-experienced management team led by visionary co-founders that have played a pivotal role in advancing the technology industry with more than 20 years of TMT and ICT industry experience, supported by a skilled executive team, with an average tenure of over 20 years .