💦 တူနွှဲရွှင်ပျော် 5BB မိသားစုရဲ့ စတုဒိသာပွဲတော် 💦
💦 တူနွှဲရွှင်ပျော် 5BB မိသားစုရဲ့ စတုဒိသာပွဲတော် 💦
(၄) ရက်အကြာ ကျင်းပလှူဒါန်းခဲ့သည့် 5BB Mandalay ရုံးခွဲ သင်္ကြန်စတုဒိသာ
မြန်မာလူမျိုးတို့၏ ၁၂ ရာသီရိုးရာပွဲတော်များထဲမှ အစည်ကားဆုံးနှင့် ကြီးကျယ်ခမ်းနားဆုံးပွဲတော်ဖြစ်သော
သင်္ကြန်ရေသဘင်ပွဲတွင် စတုဒိသာ အလှူပွဲများ ကျွေးမွေးကြခြင်းသည် ယဉ်ကျေးမှုနှင့်ဒါနစိတ်ဓာတ်ကို ဖော်ပြသော သင်္ကေတ တစ်ခုပင် ဖြစ်ပါသည်။
5BB Mandalay ရုံးခွဲ၏ အတာတန်ခူး နှစ်ကူး အလှူဖြစ်သည့် သင်္ကြန်စတုဒိသာပွဲကိုလည်း ဧပြီလ ၉ ရက်
နေ့ကနေ ၁၂ ရက်နေ့အထိ ချမ်းအေးသာဇံမြို့နယ် ၇၉ လမ်း၊ ၂၆ လမ်း နဲ့ ၂၇ လမ်းကြား မန်းမြန်မာတိုက်ခန်းတွင် ကျင်းပခဲ့ပါသည်။
5BB ၏ Managing Director အပါအဝင် တာဝန်ရှိလူကြီးမင်းများ၊ ဝန်ထမ်းများ တက်ရောက်ကာ ပူးပေါင်းစီစဉ် လုပ်ဆောင်ခဲ့ပြီး သင်္ကြန်ယိမ်းအက ဖျော်ဖြေမှုများနှင့်အတူ Celebrity များလည်း လာရောက်ပါဝင်ခဲ့ပါသည်။
ပထမဆုံးနေ့ဖြစ်သည့် (၉) ရက်နေ့တွင် ထမင်းနှင့် ကြက်သား၊ (၁၀) ရက်နေ့တွင် ရွှေရင်အေး၊ (၁၁) ရက်နေ့တွင် မုန့်လက်ဆောင်း၊ (၁၂)ရက်နေ့တွင် မုန့်လုံးရေပေါ်တို့ကို ကျွေးမွေးဧည့်ခံ ခဲ့ပါသည်။
(၄) ရက်လုံး နေရာအပြည့် လူပေါင်းထောင်ချီ လာရောက်စားသုံးကြသည်ကို မြင်တွေ့ရသည့်အတွက်
အင်မတန် ဂုဏ်ယူဝမ်းမြောက်စရာကောင်းသည့် စတုဒိသာအလှူပင် ဖြစ်ပါသည်။
5BB သုံးစွဲသူ Customer များအပြင် မန္တလေးမြို့မှ မိဘပြည်သူများလည်း အများအပြားလာရောက်သုံးဆောင်ကြသည့်အတွက် ကြည်နူးဝမ်းသာ ပီတိဖြစ်မိကြောင်း မှတ်တမ်းတင်အပ်ပါသည်။