🪢Fiber cable လေးတွေကို ဘယ်လိုမျိုး တည်ဆောက်ထားတာလဲ?
🪢Fiber cable လေးတွေကို ဘယ်လိုမျိုး တည်ဆောက်ထားတာလဲ?
လက်ရှိကမ္ဘာမှာ အမြန်ဆုံး အင်တာနက် သွယ်တန်းမှုတွေဟာ အလင်းကို အသုံးပြုပြီး ဒေတာတွေကို ပို့ဆောင်ပေးတဲ့ စနစ်ကို အသုံးပြုထားခြင်းဖြစ်ပါသည်။
ဖြောင့်တန်းစွာသွားသော အလင်းကို အချက်အလက် ပို့ဆောင်ရေးတွင် အသုံးချနိုင်ရန် အလင်းဖြတ်နိုင်သော ကြားခံတစ်ခု အဖြစ် ဖန်သားနှင့် ပလပ်စတစ်ကို ပေါင်းစပ်ပြီး ဆက်သွယ်ရေးကြိုးတစ်ခုကို တီထွင်ခဲ့ပါသည်။
ဒါကတော့ Fiber လို့ အများက အလွယ်ခေါ်နေကြသော Fiber Optic Cable ကြိုးလေးတွေ ဖြစ်ပါသည်။
သာမန် အရင်က ရှိခဲ့သော ကြေးနှင့် ပြုလုပ်သော Wireကြိုးများ ၊ Coaxial cable, နှင့် မတူဘဲ
ဖန်သားကြိုးလေးများကို မြင့်မားသေားနည်းပညာ (prince rupert drop technologies)နှင့်
တည်ဆောက်ထားတာကြောင့်
Fiber ကြိုးလေးတွေက သေးငယ်ပေါ့ပါး ခိုင်ခံ့ပြီး Data တွေ အများကြီးကို အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ပါတယ်။
သေးငယ်ပါးလွှာသော်လည်း သာမန်လျှပ်စစ်ကြိုးများ၊ ကြေးနန်းကြိုးများထက် အဆပေါင်းများစွားခိုင်ခံ့ ပေါ့ပါး အကြမ်းခံခြင်းတို့ကြောင့် ကြိုးပျက်ဆီး ပြတ်တောက်နိုင်ရန် အလွန်ခက်ခဲပါသည်။
ဒါကြောင့် ယနေ့ ခေတ် အင်တာနက် ဆက်သွယ်မှုများ အားလုံးကို Fiber Optic Cable များ ဖြင့် အသုံးပြုလာကြပါသည်။
အလင်း၏ အမြန်နှုန်းအားသာချက်ကြောင့် သတင်းအချက်အလက် ပို့ဆောင်မှုများ လွန်စွာမြန်ဆန်ပြီး စက္ကန့်ပိုင်း၊ အချိန်ပိုင်းအတွင်း ကမ္ဘာအရှေ့ခြမ်းမှ အနောက်ခြမ်းသို့ ပို့ဆောင်ဆက်သွယ်နိုင်လာပါသည်။
သို့သော် Fiber Optic Cable များသည် ခိုင်ခံ ပေါ့ပါး အကြမ်းခံ ပြတ်တောက်ရန် ခက်ခဲသော်လည်း
ကြိုးကောက်ကွေ့ခြင်း၊
ကြိုးခေါက်ခြင်း၊
ကြိုးနံရံများပွန်းပဲ့ပျက်ဆီးခြင်း များဖြစ်ပေါ်လာသည့်အခါ အလင်းအပြင်သို့ထွက်ပြီး ဒေတာများ ပျက်ဆီးဆုံးရှုံး ခြင်း ကြောင့် အင်တာနက်ပျက်တောက်သွားခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။
Fiber Optic Cable များ ရှုပ်ထွေးနေခြင်းကြောင့်
ငှက်များ အသိုက်ပြုလုပ်ခြင်း၊
ကြွက်များ ကိုက်ခြင်း၊
သဘာဝဘေးအန္တရယ်များ ဖြစ်ပေါ်ခြင်း၊
သစ်ပင်သစ်ကိုင်းများ ကျိုးကျ ပျက်ဆီးနိုင်ခြင်း စသော အကြောင်းအရာများကြောင့် Fiber ကြိုးများ ပြတ်တောက်နိုင်ပါသည်။
ထို့ကြောင့် အင်တာနက်ကြိုးသွယ်တန်းရာတွင် ကြိုးများ ထိခိုက်ပျက်ဆီးမှု နည်းပါးစေရန် ရှောင်ရှား သွယ်တန်းထားပါသည်။
သို့ရာတွင် အကြောင်းအရာများစွာတို့ကြောင့် ကြိုးများထိခိုက်ပျက်ဆီးသဖြင့် လိုင်းမကြာခဏ ပြတ်တောက်ခြင်း လိုင်းကျခြင်းများ နည်းပါးစေရန် ပွန်းပဲ့ တိုက်စားပျက်ဆီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
ကြိုးအား ထိခိုက်စေနိုင်သော အချက်များကို သိရှိထားခြင်းဖြင့် မိမိ အင်တာနက် ဆက်သွယ်တန်းရာတွင် ရှောင်ရှားနိုင်ရန် ဝေမျှပေးလိုက်ပါတယ် ခင်ဗျာ
www.5bb.com.mm
www.globalnet.com.mm
မြန်မာ့အမြန်ဆုံး #5BB Broadband သည် Global Technology Company ၏ FTTH Internet အမှတ်တံဆိပ်ဖြစ်ပါသည်။
#staywith5BB #Feel_the_Premium #5bb #5BB_Broadband