လူကြီးမင်းတို့ သားသမီးများရဲ့ ပညာရေးအတွက် INTERNET အသုံးပြုပြီး အကောင်းဆုံးလေ့လာနိုင်ဖို့ 👩🎓
လူကြီးမင်းတို့ သားသမီးများရဲ့ ပညာရေးအတွက် INTERNET အသုံးပြုပြီး အကောင်းဆုံးလေ့လာနိုင်ဖို့ 👩🎓
🧒ကလေးများအတွက် ပညာရေးနှင့် ပတ်သတ်လာရင် အမြဲတမ်း ပြောင်းလဲမှု အသစ်အသစ်တွေက စိမ်ခေါ်နေပါတယ်။ Digital Learning ဆိုတာက နေစဉ် ပညာသင်ကြားမှုထဲသို့ရောက်ရှိလာခြင်းကြောင့် မိဘများအနေနှင့် သားသမီးများရဲ့ အင်တာနက် အသုံးပြုမှု အပေါ်မှာ အဓိက အရေးကြီးသော အခန်းကဏ္ဋမှ ပါဝင်လာပါတယ်။
စိတ်ချယုံကြည်မှု အပြည့်နှင့် အကောင်းဆုံးသော ချောမွေ့ပြေပြစ်သည့် အင်တာနက် ကို ဖန်တီးပေးဖို့ အတွက် လက်တွေ့ကျပြီး သေသေချာချာ တွေးတောရွေးချယ်မှုများကို ပြုလုပ်ဖို့ လိုအပ်ပါသည်။ ဒါကြောင့်မို့ ကလေးများရဲ့ ပညာရေးအတွက် ဘယ်လိုပုံစံမျိုးက Digital Learning ကောင်းကောင်းပြုလုပ်စေလဲ ကြည့်လိုက်ရအောင်…
📋ပုံမှန် စနစ်ကျသော အချိန်ဇယား ထားရှိပါ။
နေ့စဉ် Online Learnig ပြုလုပ်မည့် အချိန်တစ်ခုကို သတ်မှတ်ပြီး လေ့လာစေပါ။ ကျောင်းစာနှင့် ပတ်သတ်ခြင်း မပတ်သတ်ခြင်းက အရေးမကြီးဘဲ ကောင်းမွန်သော အကြောင်းများကို လေ့လာကြည့်ရှုစေပြီး ပြန်လည်ဆွေးနွေးပါ။ သင်ကြားမှု Video များနှင့် ဘာသာစကားလေ့လာမှု Video များကို ကြည့်ရှုခြင်းများပြုလုပ်လို့ရပါတယ်။ ဒီလို ပုံမှန် ပြုလုပ်ခြင်းက ကလေးများကို Virtual Classroom အတွက် အလေ့အကျင့်ရစေပြီး သင်ကြားမှုများကို ကောင်းကောင်း လိုက်နိုင်စေမှာပဲ ဖြစ်ပါတယ်။ Online နှင့် Offine အချိန်များကို မျှတအောင် ခွဲခြားထားပေးပြီး သင်ကြားမှုတင်မက စိတ်ပျော်ရွှင်စရာလေးတွေကိုပါ ပြုလုပ်စေပါ။
⏰သင်ကြားမည့် အချိန်နှင့် နေရာကို သေချာ ခွဲခြားထားရှိပါ။
Online ဖြင့် လေ့လာသည့်အခါ ကလေးများအနေဖြင့် အာရုံစူးစိုက်မှု နည်းသည့် နေရာမျိုးတွင် မဟုတ်ဘဲ တိတ်ဆိတ် ငြိမ်သက်ပြီး အာရုံစူးစိုက်မှုကောင်းသောနေရာ တစ်ခုကို ရွေးချယ်ပြီး သတ်မှတ်ထားရှိသင့်ပါတယ်။ လေ့လာမည့်နေရာနှင့် အပန်းဖြေနားသည့်နေရာ ခွဲခြားထားခြင်းက အာရုံစူးစိုက်မှုကောင်းစေပါတယ်။ Online class အတွက် အလင်းအားကောင်းပြီး ထိုင်ရတာ သက်သောင့် သက်သာ ဖြစ်စေဖို့လည်း လိုပါတယ်။
🚀မြန်ဆန်တဲ့ အင်တာနက် ဝန်ဆောင်မှုကို အသုံးပြုပါ။
အင်တာနက်လိုင်းမြန်ဆန်နေခြင်းက Video Conferencing ပြုလုပ်ခြင်းကို ချောမွေ့စေပြီး အကြောင်းအရာများကို သေသေချာချာ မှတ်သားနိုင်သလို Video များကို အနှောက်အယှက်မရှိ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ လိုအပ်ပါက internet Plan များကို တိုးမြင့် အသုံးပြုရမှာဖြစ်ပါတယ်။ မြန်ဆန်တဲ့ အင်တာနက်က စိတ်ကျဉ်းကျပ်မှုများကို လျော့နည်းစေမှာဖြစ်ပါတယ်။
🔒Wifi Password တွေ လုံခြုံမှု အပြည့်ရှိပါစေ။
လုံခြုံမှု မြင့်မားသော Wifi password ထားရှိခြင်းက မလိုလားအပ်သော သူများဝင်ရောက် အသုံးပြုခြင်းမှ ကာကွယ်ထားနိုင်ပြီး သင့်ရဲ့ အချက်အလက်များကို ကာကွယ်နိုင်သလို အင်တာနက် Bandwidth ကိုလည်း အပြည့်အဝသုံးစွဲနိုင်မှာပါ။
🔲အာရုံထွေပြားစေမည့် အရာများကို ကန့်သတ်ပါ။
Video Conferencing ပြုလုပ်ချိန်အတွင်း နောက်ခံအသံများ ဆူညံနေခြင်းများကို လျော့ချခြင်း၊ မိသားစုဝင်များကို Online learning ပြုလုပ်မည့် အချိန်ကို အသိပေးခြင်း ၊ များပြုလုပ်ပါ။ ဖုန်းမှ Notification များကို ပိတ်ထားပေးပါ။
👨👩👧👦မိဘများက ကလေးငယ်များရဲ့ ပညာရေးအတွက် ပျိုးထောင်ပေးရသော သူများဖြစ်ပါသည်။ လေ့လာသင်ယူမှုကောင်းသော ပတ်ဝန်းကျင်လေးနှင့် မြန်ဆန်သော အင်တာနက်ကို ဖန်တီးပေးပြီး Virtual Classroom များတွင် အကောင်းဆုံး သင်ယူစေလိုက်ပါ။
www.5bb.com.mm
www.globalnet.com.mm
မြန်မာ့အမြန်ဆုံး #5BB Broadband သည် Global Technology Company ၏ FTTH Internet အမှတ်တံဆိပ်ဖြစ်ပါသည်။