အိမ်ရဲ့ နေရာအနှံ့မှာ internet လိုင်းကောင်းဖို့ WiFi စက်ကိုဘယ်နေရာတွေမှာထားသင့်လဲ ❓❓
အိမ်ရဲ့ နေရာအနှံ့မှာ internet လိုင်းကောင်းဖို့ WiFi စက်ကိုဘယ်နေရာတွေမှာထားသင့်လဲ ❓❓





အိမ်ရဲ့ နေရာအနှံ့မှာ internet လိုင်းကောင်းဖို့ WiFi စက်ကိုဘယ်နေရာတွေမှာထားသင့်လဲ ![]()
![]()
ယခုခေတ်လို မြန်နှုန်းမြင့်တဲ့ Wi-Fi နည်းပညာတွေ၊ အင်တာနက်ဆွဲအားမြင့် နည်းပညာတွေ ထွက်ပေါ်လာတဲ့ခေတ်မှာ လူကြီးမင်းတို့အနေနဲ့ Mbps အမြင့်ဝယ်ယူထားသော်လည်း မိမိအိမ်တွင် အသုံးပြုနေသော ဖုန်း၊ ကွန်ပြူတာ အစရှိတဲ့ Device များမှာ download speed ကျနေခြင်းများ၊ upload speed တွေနှေးနေခြင်းများ၊ Wi-Fi signal အပြည့်မရခြင်းများ အစရှိတဲ့ပြသနာများကို ကြုံတွေ့နေရပြီဆိုရင်တော့ အောက်ကအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
ပထမဆုံးအနေနဲ့သိထားရမဲ့အချက်ကတော့ အိမ်အမျိုးအစားအလိုက်တပ်ဆင်သင့်သောနေရာများနဲ့ Router အမျိုးအစားများပဲဖြစ်ပါတယ်။
လူကြီးမင်းတို့ရဲ့အိမ်ဟာ ရိုးရိုးတိုက်ခန်းဖြစ်ပါက Wi-Fi router ကို လူကြီးမင်းတို့၏ ဧည့်ခန်းသို့မဟုတ် မိသားစုဝင်များ အင်တာနက်အများဆုံးသုံးလေ့ရှိတဲ့ အခန်းရဲ့ အလယ်ဗဟိုမှာ ထားရှိသင့်ပါတယ်။ တိုက်ခန်းအများစုရဲ့ နံရံတွေဟာ အရမ်းမထူတာကြောင့် အခန်းရဲ့ အလယ်ဗဟိုမှာ Wi-Fi စက်ကိုတပ်ဆင်ထားခြင်းဟာ လိုင်းဆွဲအားကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။
အကယ်၍ လူကြီးမင်းတို့ရဲ့အိမ်ဟာ သာမန်ထက်ပိုတဲ့ကျယ်ဝန်းသော တိုက်ခန်း၊ ကွန်ဒို (သို့မဟုတ်) နှစ်ထပ်အိမ် ဖြစ်ပါက Mesh Wi-Fi Router များတပ်ဆင်ခြင်းဖြင့် အိမ်ရဲ့နေရာအနှံ့မှ လိုင်းဆွဲအားကောင်းမွန်စွာအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ မိမိအိမ်ရဲ့ နံရံများဟာ သာမန်ထက်ပိုထူထဲသော နံရံများဖြစ်ပါက အခန်းကျယ်ရဲ့ အလယ်ဗဟိုမှာ Wi-Fi စက်အားထားခြင်း သို့မဟုတ် တံခါးဝနားမှာ ထားရှိခြင်းက လိုင်းဆွဲအားပို၍ ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ကတော့ လူကြီးမင်းတို့၏ Router နဲ့ချိတ်ဆက်အသုံးပြုနေတဲ့ Device အရေအတွက်များ အားပြန်လည်စိစစ်ပြီး သတ်မှတ်ထားသော device ပမာဏထက်များပြားနေပါက router အသစ်တပ်ဆင်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့လိုင်းဆွဲအားကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။
နောက်ဆုံးအချက်အနေနဲ့ကတော့ Wi-Fi Router ကို မှန်များစွာတပ်ဆင်ထားသောအခန်းများ၊ microwave နှင့်အနီးတဝိုက်နေရာများ၊ အပူရှိန်မြင့်သောနေရာများ၊ နေနှင့်တိုက်ရိုက်ထိတွေ့ သောနေရာများ၊ ကြီးမားသောပရိဘောဂများနှင့်နီးသောနေရာများ၊ အီလက်ထရောနစ်စက်ပစ္စည်းများနှင့် နီးကပ်သောနေရာများ အစရှိသောနေရာများမှာ မထားရှိခြင်းဖြင့် လိုင်းဆွဲအားကောင်းမွန်တဲ့အင်တာနက်ကို စိတ်လက်ချမ်းသာစွာဖြင့် အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
𝐰𝐰𝐰.𝟓𝐛𝐛.𝐜𝐨𝐦.𝐦𝐦
𝟓𝐁𝐁 𝐁𝐫𝐨𝐚𝐝𝐛𝐚𝐧𝐝 သည် 𝐆𝐥𝐨𝐛𝐚𝐥 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐂𝐨𝐦𝐩𝐚𝐧𝐲 ၏ 𝐅𝐓𝐓𝐇 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 အမှတ်တံဆိပ်ဖြစ်ပါသည်။
#5BB #5BB_Broadband #wifi #router #𝐀𝐟𝐟𝐨𝐫𝐚𝐛𝐥𝐞𝐏𝐫𝐢𝐜𝐞 #𝐄𝐧𝐣𝐨𝐲𝐭𝐡𝐞𝐢𝐧𝐭𝐞𝐫𝐧𝐞𝐭 #2025 #internet