solar power Infrastructure
solar power Infrastructure

အပြတ်အလပ်မရှိ အင်တာနက် သုံးစွဲဖို့ 5BB ရဲ့ Solar Power Infrastructure
ယနေ့ခေတ်မှာ အင်တာနက်ဆိုတာ ရေနဲ့မီးလိုပဲ နေ့စဉ်ဘဝအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါပြီ။ ဒါပေမဲ့ အင်တာနက် အသုံးပြုနေရင်း လျှပ်စစ်မီးမမှန်ခြင်း၊ ကြာရှည်ပြတ်တောက်ခြင်းတွေဟာ အင်တာနက်အသုံးပြုသူတွေအတွက် အကြီးမားဆုံး အခက်အခဲတစ်ခု ဖြစ်နေပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် 5BB Broadband ရဲ့ အင်တာနက်ကွန်ယက် တစ်ခုလုံးကို ဆိုလာစွမ်းအင်သုံးစနစ် (Solar-Powered Infrastructure) နဲ့ အဆင့်မြှင့်တင် တည်ဆောက်ထားပါတယ်။ ကွန်ဒိုတွေ၊ ရပ်ကွက်ထဲက နေအိမ်တွေ၊ အိမ်ရာဝင်းတွေအားလုံးအတွက်ပါ အမြဲတမ်းအွန်လိုင်းဖြစ်နေစေဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။
ဘာကြောင့် 5BB ရဲ့ Super Fast Home Broadband ကို ရွေးချယ်သင့်တာလဲ?
၁။ အများသုံးမီးပျက်သော်လည်း ကွန်ယက် မပြတ်တောက်ခြင်း
သာမန်အင်တာနက်လိုင်းတွေမှာ လမ်းထိပ်က အင်တာနက်ဖြန့်ဝေပေးတဲ့စက် (Node) တွေဟာ အများသုံးလျှပ်စစ်မီးအပေါ်မှာပဲ မူတည်နေပါတယ်။ ဒါကြောင့် သင့်အိမ်မှာ မီးစက်ရှိနေရင်တောင် လမ်းထဲမှာ မီးပျက်သွားရင် အင်တာနက်သုံးလို့မရတော့ပါဘူး။ 5BB ကတော့ အဆိုပါစက်တွေနဲ့ Data Center တွေ မှာ ဆိုလာပြားနဲ့ ဘက်ထရီများ တပ်ဆင်ထားတာကြောင့် မီးပျက်နေချိန်မှာလည်း အချက်ပြလှိုင်းကို အပြတ်အတောက်မရှိ ပေးပို့နေမှာ ဖြစ်တဲ့အတွက် မိသားစုတွေကော၊ Work From Home သမားတွေကောစိတ်ချ လက်ချ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
၂။ အရေးပေါ်အခြေအနေများအတွက် အားကိုးရခြင်း
သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ လျှပ်စစ်မီး လုံးဝပြတ်တောက်သွားတဲ့ အခြေအနေမျိုးမှာတောင် 5BB ရဲ့ ဆိုလာစွမ်းအင်သုံး ကွန်ယက်က ဆက်လက်အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။ မိသားစုနဲ့ အဆက်အသွယ်မပြတ်ဖို့နဲ့ အရေးကြီးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိဖို့အတွက် 5BB က အမြဲအသင့်ရှိနေမှာပါ။
၃။ ပတ်ဝန်းကျင်ကို မထိခိုက်စေခြင်း (Eco-Friendly)
ဆူညံသံထွက်တဲ့ မီးစက်တွေအစား ဆိုလာစနစ်အသုံးပြုထားတဲ့ ကွန်ယက်ကို အသုံးပြုခြင်းဟာ သင့်ရဲ့ ပတ်ဝန်းကျင်ကို အေးချမ်းစေတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ကူညီထိန်းသိမ်းရာရောက်ပါတယ်။
5BB Super Fast Home Broadband ကို အသုံးပြုခြင်းဖြင့် မီးပျက်လို့ အင်တာနက်ပြတ်မှာကို စိတ်ပူစရာမလိုတော့ပါဘူး။ 5BB Broadband Fiber Internet Network တစ်ခုလုံး 24 Hour ပတ်လုံး ပြတ်တောက်သွားခြင်းမရှိတာကြောင့် အိမ်မှာ Backup Power (သို့) Wifi UPS (or) Power bank လေးတစ်လုံးရှိရုံနှင့် စိတ်ကြိုက် သုံးစွဲနိုင်နေမှာ ဖြစ်ပြီး အကောင်းဆုံး တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါတယ်။
တည်ငြိမ်မှုနဲ့ ယုံကြည်စိတ်ချရမှုကို ဦးစားပေးရင် 5BB Super Fast Home Broadband ကိုသာ ရွေးချယ်လိုက်ပါ။