👉"ဒါ ဖတ်ပြီးမှ အင်တာနက်ဝယ်ပါ"👈
👉"ဒါ ဖတ်ပြီးမှ အင်တာနက်ဝယ်ပါ"👈
👉"ဒါ ဖတ်ပြီးမှ အင်တာနက်ဝယ်ပါ"👈
🙏ဒီဘက်ခေတ်မှာ သင့်မိသားစုအတွက်ပဲဖြစ်ဖြစ်၊ သင့်ရဲ့လုပ်ငန်းအတွက်ပဲဖြစ်ဖြစ် နေရာစုံမှာ
🧑💼သတင်းအချက်အလက်အတွက်ဖြစ်စေ၊
🖥အပန်းဖြေမှုအတွက်ဖြစ်စေ၊
💲စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊အချစ်ရေးစတာတွေအတွက်ဖြစ်စေ အင်တာနက်ဟာ မရှိမဖြစ်လိုအပ်နေတာဖြစ်ပါတယ်။
ရွေးချယ်စရာ အင်တာနက်ပေါင်းအများကြီးရှိတဲ့အထဲက ကိုယ်နဲ့ကိုက်ညီမယ့်အင်တာနက်လိုင်းကို ဘယ်လိုရွေးချယ်သင့်သလဲဆိုတာ အောက်ကအချက်တွေကို ကြည့်လိုက်ကြရအောင်။
>> ၁။ လူဦးရေနဲ့ အသုံးပြုမှု
စ,ဝယ်တော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားရမှာက 👨လူဦးရေဘယ်နှစ်ယောက်သုံးမှာလဲနဲ့ ဘာအတွက်သုံးမှာလဲ ဆိုတဲ့အချက်ပါ။ ယေဘုယျအနေနဲ့ မိသားစုဝင်နည်းတာများတာကိုကြည့်ဖို့အပြင် အဓိကက ဘာအတွက်သုံးမှာလဲဆိုတာ သေချာစဉ်းစားဖို့လိုပါတယ်။ ကလေးစာသင်ဖို့အတွက် 𝐙𝐨𝐨𝐦 သုံးချင်တာလား၊ 𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐞𝐞𝐭𝐢𝐧𝐠 တွေအတွက်လား၊ 𝐋𝐢𝐯𝐞 𝐒𝐚𝐥𝐞𝐬 ရောင်းဖို့အတွက်လား၊ 𝐆𝐚𝐦𝐞 ဆော့ဖို့အတွက်လား၊ ဒါမှမဟုတ် 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 တို့ 𝐘𝐨𝐮𝐭𝐮𝐛𝐞 တို့လို သတင်းအချက်အလက်နဲ့ 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧 အတွက်လား၊ 𝐍𝐞𝐭𝐟𝐥𝐢𝐱 တို့လိုရုပ်ရှင်တွေ၊ ဘောလုံးပွဲတွေ တိုက်ရိုက်ကြည့်ဖို့လား၊ 𝐂𝐂𝐓𝐕 အတွက်လား၊ စသဖြင့် အဓိကသုံးမယ့်အရာကို ဆုံးဖြတ်ထားဖို့လိုပါတယ်။ အင်တာနက်ပဲကွာ ရှိရင်အကုန်သုံးမှာပေါ့ဆိုပေမယ့် ကိုယ်အသုံးပြုမယ့်အရာအတွက် သင့်တော်မယ့် မြန်နှုန်းကို ရွေးချယ်ရမှာ ဖြစ်လို့ပါ။
>>၂။ သုံးစွဲချင်တဲ့နေရာအကျယ်အဝန်း
နောက်တစ်ခုက နေရာအကျယ်အဝန်းပါ။ မိမိအိမ် ဒါမှမဟုတ် အလုပ်နေရာဟာ အကျယ်အဝန်းဘယ်လောက်ရှိသလဲ၊ အခန်းတွေ ကန့်ထားတာမျိုးရှိသလား၊ မိမိကရော အိမ်ရှေ့ခန်းပဲ သုံးချင်တာလား၊ ဒါမှမဟုတ် မီးဖိုချောင်အထိ၊ ခြံတို့ လုံးချင်းတိုက်တို့ဆိုရင် ခြံထဲအထိဖြစ်ဖြစ်၊ လုံးချင်းဆိုလည်း အပေါ်ထပ်အောက်ထပ်နေရာအကုန်ဖြစ်ဖြစ် သုံးချင်တဲ့နေရာကိုလည်း စဉ်းစားထားရပါမယ်။ လက်ရှိ ဝန်ဆောင်မှုပေးနေတဲ့ ဖိုင်ဘာအင်တာနက်တွေရဲ့ စက်တွေဟာ 𝐖𝐢𝐟𝐢 ကို ပေအနည်းငယ်ပဲ လွှင့်ပေးနိုင်တာကြောင့် သာမာန်ရိုးရိုး တိုက်ခန်းဆို အဆင်ပြေနိုင်ပေမယ့် အပေါ်ကပြောသလို နေရာကျယ်ကျယ်ရှိပြီး အခန်းတွေကန့်ထားတဲ့ အိမ်မျိုးဆို 𝐑𝐨𝐮𝐭𝐞𝐫 လို့ ခေါ်တဲ့ အင်တာနက်ထပ်ဆင့်လွှင့်စက်လေး ထပ်ပြီး လိုအပ်မှာဖြစ်ပါတယ်။
>>၃။ စိတ်ချရတဲ့ ဝန်ဆောင်မှု
ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတိုင်းဟာ အတူတူပဲလို့ ထင်ရမှာပါ။ ဒါပေမယ့် အဲ့ဒီအထဲကမှ အကောင်းဆုံးဖြစ်နိုင်တာကို ဘယ်လိုရွေးထုတ်မလဲဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ နည်းနည်းထပ်ခွဲပြီး ပြောပြပါ့မယ်။
🛑နံပါတ် ၁ အနေနဲ့ ကိုယ်ရွေးချယ်မယ့် အင်တာနက်ကုမ္ပဏီဟာ တရားဝင်ကုမ္ပဏီဟုတ်မဟုတ် စစ်ဆေးဖို့လိုပါတယ်။ နာမည်ကြားဖူးတယ် တရားဝင်ဖြစ်မှာပါဆိုပြီး ဝယ်တပ်ပြီးကာမှ တရားဝင်မဟုတ်ခဲ့ရင် နိုင်ငံတော်က ကုမ္ပဏီရဲ့ သွယ်တန်းထားတဲ့ကြိုးတွေကို ဖြတ်ချခံရတာမျိုး ရှိနိုင်ပါတယ်။ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီရဲ့ သက်တမ်း ဘယ်လောက်ထိရှိနေပြီလည်းဆိုတာ ကိုလည်း သိထားသင့်ပါတယ်။
🛑အလိမ်အညာတွေ သတိပြုပါ။
တရားဝင် Online စာမျက်နှာတွေရှိမရှိလည်း စစ်ဆေးပါ။ Facebook မှာဆိုလည်း အတုအယောင် Page တွေများတော့ ကိုယ်ရွေးချယ်တဲ့ Brand ရဲ့ Page မှာတရားဝင် Verify လုပ်ထားတဲ့ အပြာခြစ်လေးရှိမရှိကို ကြည့်လို့ရပါတယ်။ အဲ့ဒီထက်ပိုကောင်းတာကတော့ Website ပါပဲ။ ခိုင်မာမှန်ကန်တဲ့ ကုမ္ပဏီဆိုရင် တရားဝင် Website တွေရှိပါတယ်။ ပြီးတော့ အဲ့ဒီ Facebook တွေ၊ Website တွေ Active ဖြစ်နေမဖြစ်နေကိုလည်း စစ်ဆေးသင့်ပါတယ်။
🛑နောက်ပြီး ခိုင်မာတဲ့ အရောင်းခန်းမတွေနဲ့
Customer Service Center တွေရှိမရှိလည်း အရေးကြီးပါတယ်။ ခိုင်မာတဲ့ အရောင်းခန်းမတွေဆိုတာ ဖွင့်ပြီး တစ်နှစ်လောက်နေရင် ဘယ်ရောက်သွားမှန်းမသိတဲ့အရောင်းခန်းမမျိုးတွေဖြစ်မနေဖို့ပါ။ နေရာစုံမှာ ရှိနေရင် ပိုကောင်းပါတယ်။ နီးတဲ့နေရာ သွားလို့ လွယ်ကူတာပေါ့။ Customer Service Center ဆိုတာမျိုးကလည်း ရုံးနဲ့ဘာနဲ့ဆို ဖုန်းဆက်လို့ မရခဲ့ရင် လူကိုယ်တိုင် သွားရောက်လို့ရနိုင်ဖို့ပါ။
🛑နောက်ဆုံးအနေနဲ့ကတော့ ကိုယ်ရွေးချယ်မယ့် အင်တာနက်ဟာ ဘယ်လိုအဆင့်အတန်းမျိုးမှာရှိသလဲဆိုတဲ့အချက်ပါ။ ဖိုင်ဘာအင်တာနက်ခြင်းတူရင်တောင် ကောင်းတယ်မကောင်းဘူးကို အပြောမဟုတ်ဘဲ ခိုင်မာသေချာတဲ့အထောက်အထားတွေရှာကြည့်ပါ။ နိုင်ငံတကာ ဆုတံဆိပ်တွေရထားတယ်ဆိုတာမျိုးဆို ရွေးချယ်ရာမှာ အားသာမှုဖြစ်စေပါတယ်။ User တွေရဲ့ Feedback ဘယ်လိုရှိသလဲဆိုတာတွေလည်း Online မှာမဟုတ်ဘဲ အပြင်မှာ တကယ်သုံးနေတဲ့ မိတ်ဆွေတွေကို မေးမြန်းပါ။
>>၄။ မြန်နှုန်းနဲ့စျေးနှုန်း
ဒီနေရာမှာ လူတော်တော်များများ သတိမထားတဲ့အချက်ကို ပြောချင်ပါတယ်။ စျေးနှုန်းအရင် ယှဉ်တာပါ။ ပိုသက်သာတာကို ရွေးချယ်ချင်ကြတာ လူတိုင်းနီးပါးပါပဲ။ ဒါပေမယ့် မြန်နှုန်းဘယ်လောက်လဲ၊ ကိုယ်ဘာအတွက်သုံးချင်တာလည်းကို သေချာမစဉ်းစားပဲ စျေးသက်သာပြီးရော ဝယ်ပြီးကာမှ လိုင်းလည်းမကောင်း၊ ဝန်ဆောင်မှုလည်း ညံ့တာမျိုးဆို နှစ်ခါနစ်နာပါတယ်။ အင်တာနက်ဝန်ဆောင်မှုတိုင်းက မြန်နှုန်းပေါ်မူတည်ပြီး စျေးသတ်မှတ်ကြတာပါ။ စျေးခြင်းလည်းတူ၊ မြန်နှုန်းခြင်းလည်းတူဆိုရင်တော့ အပေါ်ကအချက်တွေနဲ့ ပြန်သုံးသပ်စဉ်းစားပါ။
>>၅။ ငွေပေးချေမှု
ဒီအချက်ကတော့ သေချာဂရုပြုရမယ့်အချက်ပါ။ ရေရှည်သုံးရမယ့်ဟာဖြစ်တာကြောင့် လစဉ်ကြေးငွေပေးချေမှု ရှင်းလင်းတိကျမှန်ကန်ဖို့လိုပါတယ်။ အကောင်းဆုံးကတော့ တရားဝင်ဘဏ်တွေနဲ့ချိတ်ဆက်ပြီး Online ကနေ ငွေပေးချေနိုင်တဲ့ဟာမျိုးကို ရွေးချယ်ပါ။ အပြင်မှာ နေပူပူ၊ မိုးရွာရွာ ဘယ်မှမသွားရဘဲ နေ့နေ့ ညည အိမ်ကနေ အချိန်ကုန်သက်သာ၊ လူပင်ပန်းသက်သာပြီး အလွယ်တကူပေးချေနိုင်တာ အကောင်းဆုံးပါပဲ။ Personal KPay တို့၊ တရားဝင်မဟုတ်တဲ့ Online ငွေပေးချေမှုတို့ကိုတော့ မိမိငွေ မလွှဲမိအောင် ဂရုစိုက်ဖို့ လိုပါတယ်။ မိမိမှာ Online ငွေပေးချေမှုမရှိတာဖြစ်ဖြစ်၊ မယုံကြည်လို့ရင်ဖြစ်ဖြစ် လစဉ်ကြေးကိုယ်တိုင်ပေးချင်ရင်လည်း လက်ခံမယ့် အရောင်းခန်းမတွေရှိနေရင်လည်း ကောင်းတာပါပဲ။ အိမ်လာကောက်ပေးတာမျိုးကတော့ ဖြစ်နိုင်ရင် မရွေးချယ်စေချင်ဘူး။ ငွေလိမ်သွားတာ၊ ရောဂါပိုးတွေသယ်လာနိုင်တာ စတာတွေအပြင် တခြားမမျှော်လင့်နိုင်တဲ့ အန္တရာယ်တွေ ရှိလာနိုင်လို့ပါ။
အားလုံးပဲ ခိုင်မာမှန်ကန်ပြီး ဝန်ဆောင်မှုကောင်းတဲ့
အင်တာနက်ကို ရွေးချယ်နိုင်ကြပါစေ။
မြန်မာ့အမြန်ဆုံး #5BB Broadband သည် Global Technology Company ၏ FTTH Internet အမှတ်တံဆိပ်ဖြစ်ပါသည်။
#5BB #Broadband #Fiber #Cost #Network #Speed #Audience #reliability