Device LOS Signal မီးနီခြင်း အကြောင်းအရင်းများ

Device issue နှင့် ပတ်သက်၍ လူကြီးမင်းတို့ အများဆုံးကြုံတွေ့ရလေ့ရှိသော Internet device (ONU) ပေါ်ရှိ LOS signal ရှိ မီး အနီ‌ရောင်ဖြစ်ရသည့် အကြောင်းအရင်းများနှင့် ဖြေရှင်းရန် နှင့် ဆက်သွယ်ရမည့် နည်းလမ်းများကို ရှင်းပြမည်ဖြစ်ပါသည်။

ပထမဦးစွာ LOS Signal ဆိုသည်မှာ Loss of Signal ဖြစ်ပါသည်။ မိသားစုသုံး 5BB fiber internet customer များနှင့် လုပ်ငန်းသုံး 5BB Business internet customer များ၏ internet device (ONU) ပေါ်တွင် တည်ရှိပြီး ONU device သို့  internet signal ပျက်တောက်သွားသည့် အခါတွင် LOS signal မီးအနီ‌ရောင်မှာ လင်းနေမည်ဖြစ်ပြီး internet connection ရရှိမည် မဟုတ်ပါ။

LOS signal အနီ‌ရောင် ဖြစ်ရသည့် အဓိက အကြောင်းအရင်းများမှာ လူကြီးမင်းတို့ ၏ ONU device သို့ ဆက်သွယ်ထားသော fiber cable ကောင်းစွာ အလုပ်မလုပ်ခြင်း၊ fiber cable မှ ONU သို့ ဆက်သွယ်ထားသော patch cord cable (ကြိုး အဝါရောင်) ပျက်ဆီးခြင်း၊ Fiber cable နှင့် patch cord cable ကို ဆက်သွယ်ပေးထားသော Termination Box ပျက်ဆီးခြင်းများကြောင့် ဖြစ်ပါသည်။

LOS signal အနီရောင် ဖြစ်ပေါ်နေလျှင် ပထမဦးဆုံးအနေဖြင့် ONU Device သို့ ဆက်သွယ်ထားသော patch cord cable (ကြိုး အဝါရောင်) ခေါက်၍ကျိုးနေခြင်း၊ ပျက်ဆီးနေခြင်း၊ ကောင်းစွာချိတ်ဆက်မှု ရှိမရှိ သေချာစွာ စစ်ဆေးပေးပါ။ အထက်ပါ အချက်များ ဖြစ်ပေါ်နေပါက နည်းပညာ အကူအညီအတွက် ‌customer service သို့ ဆက်သွယ်‌ပေးပါရန် လိုအပ်ပါသည်။ 

Service Specialist Form ဖြည့်စွက်၍ Customer service center သို့အချိန်တိုအတွင်းတိုက်ရိုက် အလွယ်တကူပေးပို့နိုင်ပြီး မိမိတို့ ‌၀ယ်ယူစဥ်က ဖြည့်စွက်ခဲ့သော ဖုန်း နံပါတ် သို့ ပြန်လည်ဆက်သွယ်ပေးမည် ဖြစ်ရာ လူကြီးမင်းတို့ရှိ အကောင့် ID ကို တိကျစွာပြော၍ service center ရှိ software ဖြင့် စစ်ဆေး ပြီးလျှင် လိုအပ်ပါက technical service team များကို ရုံးချိန်အတွင်း စေလွှတ်ပြီး ပြန်လည် ပြုပြင်ပေးမည်ဖြစ်ပါသည်။

မိသားစု သုံး 5BB fiber Internet plan အသုံးပြုသော customer များအတွက် LOS signal မီးနီခြင်းကို ပြန်လည်ပြုပြင်နိုင်ရန် ၄၈ နာရီ အတွင်း သတ်မှတ်ထားပြီး၊ လုပ်ငန်းသုံး 5BB Business internet plan အသုံးပြုသော customer များအတွက် ၃၆ နာရီ အတွင်း အမြန်ဆုံး လာရောက်ပြုပြင်ပေးမည်ဖြစ်ပါသည်။

အထက်ပါဝန်ဆောင်မှုများအတွက် လူကြီးမင်းတို့ဘက်မှ မည်သည့် ဝန်ဆောင်ခကိုမျှ ထပ်ဆောင်းပေးစရာမလိုပဲ 5BB Broadband မှ အကောင်းမွန်ဆုံးဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ပါသည်။

မိမိ တို့သုံးစွဲနေသော 5BB အင်တာနက်လိုင်းအဆင်မပြေမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက 📌 5BB apps မှ Complain ticket တင်ရန် For Andriod : bit.ly

📌 Service Specialist Form ဖြည့်သွင်းရန် bit.ly

📌 5BB Livechat ဝန်ဆောင်မှုရယူရန် https://m.me/5BBbroadband?ref=livechat

Billing ပိုင်းဆိုင်ရာ ကိစ္စများ၊ customer service ဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရန် အတွက် Customers များရဲ့ e-mail နဲ့ phone number များကို မှန်ကန်စွာဖြည့်စွက်ပေးပို့ရန် လိုအပ်ပါသည်။